မြိတ်မြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ သွားရောက် ထောက်ပံ့

မြိတ် အောက်တိုဘာ    ၁၂

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် သဘွတ်ကျေးရွာအုပ်စု ပရည်တောင်ကျေးရွာတွင် နေအိမ်တစ်လုံးသည်  မီးလောင်ကျွမ်းခဲ့၍ မီးဘေးသင့် အိမ်ထောင်စုတစ်စုအား ယမန်နေ့ နေ့လယ်ပိုင်းက ကယ်ဆယ်ရေး ပစ္စည်းနှင့် ထောက်ပံ့ငွေများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲရေးဦးစီးဌာနမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

 မီးဘေးသင့် အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ် ရေးပစ္စည်း(၁၇)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁)သိန်းကျပ်၊ မီးဘေး သင့်မိသားစု စုစုပေါင်း (၅)ဦးအတွက် တပတ်စာ ဆန်ရိက္ခာဖိုးငွေ(၁၀၅၀၀)ကျပ်ကို ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြိတ်ခရိုင်ရုံးမှ   တာဝန်ရှိသူများက  သွားရောက် ထောက် ပံ့ ပေးခဲ့ကြသည်။

 

မီးလောင်ခဲ့သည့်နေအိမ်သည် ဓနိမိုး၊ ယိုင်ကာ၊ ပျဉ်ခင်း ခြေတံရှည် နေအိမ် ဖြစ်၍ အောက်တို ဘာလ (၉)ရက်နေ့တွင် မီးလောင်ကျွမ်းခဲ့ပြီး မီးဘေးသင့်မိသားစုသည် ၄င်းတို့၏ ဆွေမျိုး နေအိမ်တွင် သွားရောက် နေထိုင်လျက်ရှိကြကြောင်း ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

 

ခိုင်ထူး ( မြိတ် )