ကျိုက်လတ် အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အား ဦးစီးဌာနရုံးမှ လူမှုဘဝပြည့်စုံ ဖို့နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်း ဆင်း ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီကထ ရော်ရွာသစ်ကျေးရွာအုပ်စုတွင် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရ သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျေးရွာရှိပြည်သူများ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ပေးရခြင်းနှင့် ပတ်သတ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးထွန်းဆွေက ရှင်းပြောကြားခဲ့ပြီး၊ ကျေးရွာပြည်သူများအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနေ့ချင်းပြီးထုတ်ပေးနိုင်ရေးမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ပြုလုပ် ဆောင်ရွက်ပေးခဲ့ရာ ၁၀နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကပ်ပြားကျား(၅) ဦး၊မ(၃)ဦးပေါင်း (၈)ဦး၊၁၈နှစ်ပြည့်နိုင်ငံ သားစိစစ်ရေး ကပ်ပြားကျား(၁၀)ဦး၊မ(၁၀)ဦးပေါင်း(၂၀)ဦး၊၁၀နှစ်ပြည့်နှင့်၁၈ နှစ်ပြည့်လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကပ်ပြားကျား (၁၅)ဦးမ ၊(၂၃)ဦးပေါင်း (၃၈)ဦး၊ နှင့် နိုင်ငံသား စိစစ်ရေးကပ်ပြားပျောက်ဆုံး/ပျက်စီး မိတ္တူထုတ်ပေးမှုကျား (၃၁)ဦးမ(၃၃)ဦး ပေါင်း (၆၄)ဦး၊ စုစုပေါင်းကျား(၆၁) ဦးမ(၆၉) ဦး စုစုပေါင်း (၁၃၀)ဦးထုတ်ပေးခဲ့ကြောင်းသိရသည်။
ဌေးဌေးလှိုင်