မြို့သစ်မြို့နယ်အတွင်း အသက်(၁၂)နှစ် အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် စီမံ ဆောင်ရွက်မှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်ယခုလိုတွေ့ဆုံမေးမြန်း

မေး     - ဆရာ့ရဲ့ အမည်နဲ့တာဝန်ကို မိတ်ဆက်ပေးပါဦးရှင့်။

ဖြေ     - မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက် 

  (ပ/၄၁၂၅)ဖြစ်ပါတယ်ခင်ဗျား။

မေး     - အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံ  နိုင်ရေးအတွက် မြို့နယ်အနေနဲ့ စီမံဆောင်ရွက်မှုအခြေအနေကို ပြောပြပေးပါဦးရှင့်။  

ဖြေ     - မြို့သစ်မြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် အခြေခံပညာအထက်တန်း၊  အလယ်တန်း ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အထက်ဌာန အသီးသီးရဲ့ လမ်း ညွှန်မှုအရ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၃၁) ကျောင်းမှာ ထိုးနှံပေး သွားမှာဖြစ်ပါတယ်၊ အဲဒီလိုထိုးနှံရာမှာ ကာကွယ်ဆေးထိုးနှံတဲ့ ကျောင်းသား/သူများ စိတ်အေး  ချမ်းသာစွာ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှု နဲ့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ပညာရေး ဝန်ထမ်းများမှပေါင်းစပ်ညှိနှိုင်း၍ ကာကွယ်ဆေးစုရပ်နေရာများ သတ်မှတ် ပြီး ဌာနဆိုင်ရာအကြီးအကဲများမှ အနီးကပ်ကြီးကြပ်ပြီးတော့ လုံခြုံရေးကိုတော့ နယ်မြေခံတပ် ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ စနစ်တကျဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး     - ကိုဗစ် - ၁၉ကာကွယ်ဆေးထိုးနှံဖို့အတွက် စုရပ်များ သတ်မှတ်ခြင်းနဲ့ ကာကွယ်ဆေးထိုးနှံ

             မည့်အဖွဲ့ ဖွဲ့စည်းမှုအခြေအနေကို ပြောပြပေးပါဦးရှင့်။

ဖြေ     - မြို့သစ်မြို့နယ်အတွင်း  အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား  ဆေးထိုးစုရပ်  (၁၀)နေရာသတ်မှတ်ပြီးတော့ မြို့နယ်ပညာရေးမှူးရုံးမှ ဒုပညာရေးမှူးများ ၊  လ / ထပညာ  ရေးမှူးများစတဲ့ ပညာရေးဝန်ထမ်းများခေါင်းဆောင်ပြီးတော့ ကျန်းမာရေးဝန်ထမ်းဆေးထိုး ပေးသူ/ ပြင်ဆင်သူ (၂)ဦး ၊ ကျန်းမာရေးစစ်ဆေးသူ ကျန်းမာရေးဝန်ထမ်း(၃)ဦး ၊Volunteer/ ကြက်ခြေနီ (၂)ဦး ၊ကာကွယ်ဆေးထိုး စာရင်းရေးသွင်းသူ/ကွန်ပျူတာ ပညာရေးဝန်ထမ်း(၂) ဦး  ၊ မြို့နယ်ထွေအုပ်မှစာရေးဝန်ထမ်းများ ၊   သက်ဆိုင်ရာ  ရပ်/ကျေး အုပ်ချုပ်ရေးမှူး/ရာ အိမ်မှူး / ဆယ်အိမ်မှူး/ ရပ်/ကျေး ၊ အရန်မီးသတ်တပ်ဖွဲ့များ စုစုပေါင်းအင်အား(၂၀)ဦးခန့် ပါဝင်တဲ့ ဆေးထိုးအဖွဲ့(၁၀)ဖွဲ့မှ ကာကွယ်ဆေးထိုးနှံပေးသွားမှာဖြစ်ပါတယ်။

မေး   - အသက်(၁၂)နှစ်အထက် ကျောင်းသား/​သူတွေအတွက် ကာကွယ်ဆေးရရှိမှုအခြေအနေနဲ့ စတင်ထိုးနှံပေးမည့်ရက် ၊ ထိုးနှံပေးမည့်ကာလကိုလည်းပြောပြပေးပါဦးရှင့်။

ဖြေ - မြို့သစ်မြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် အခြေခံပညာအထက်တန်း ၊ အလယ်တန်း ကျောင်းသား/ သူများကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများကို (၁၃.၁၀.၂၁) ရက်နေ့မှာ ရရှိမယ်လို့ ခန့်မှန်းထားပြီး ဆေးထိုးစုရပ်(၁၀)နေရာမှာ (၁၃.၁၀.၂၁) ရက်နေ့မှ (၁၆.၁၀.၂၁) ရက်နေ့အပြီးထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

မေး   - မြို့သစ်မြို့နယ်အနေနဲ့  ကိုဗစ် - ၁၉ကာကွယ်ဆေး ထိုးနှံပြီးစီးသူအရေအတွက်နဲ့  ယခု  ကျောင်းသား/ သူတွေကို ကာကွယ်ဆေးထိုးနှံပေးမည့်အမျိုးအစားကို ပြောပြပေးပါဦးရှင့်။

ဖြေ     - မြို့သစ်မြို့နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်ဆေးအား ပထမအသုတ်အဖြစ် ဦးတည်အုပ်စု (၂၀)အုပ်စုထား၍ အသက်(၁၈) နှစ်နဲ့အထက် (၆၀၉၈)ဦးထိုးနှံပေးခဲ့ပြီး   ကာကွယ်ဆေး(၂)       ကြိမ်အပြည့်ထိုးပြီးဖြစ်ပါတယ်။ ဒုတိယ အသုတ်အဖြစ် ဦးတည်အုပ်စု (၂၃)အုပ်စုထား၍ အသက်(၁၈)နှစ်နဲ့အထက်(၁၀၄၀၅)ဦးအား ပထမအကြိမ် အဖြစ်ထိုး နှံပေးခဲ့ပြီး (၁၃.၁၀.၂၀၂၁)   ရက်နေ့မှာ  ဒုတိယအကြိမ်အဖြစ်  ထိုးနှံပေးသွားမှာဖြစ်ပါတယ်။    တတိယ အသုတ်အဖြစ်     ဦးတည်အုပ်စု(၂၃)အုပ်စုထား၍  အသက်(၁၈)နှစ်နဲ့အထက် (၇၅၀၀)ဦးအား ပထမအကြိမ် အဖြစ် ထိုးနှံပေးခဲ့ပြီး (၆.၁၁.၂၀၂၁)ရက်နေ့မှာ ဒုတိယအကြိမ်အဖြစ်  ထိုးနှံပေးသွားမှာဖြစ်   ပါတယ်။အဲ့ဒါကြောင့် မြို့သစ်မြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinophram)  အမျိုးအစား (၂)ကြိမ် အပြည့် ကာကွယ် ဆေးထိုးပြီး သူ(၆၀၉၈) ဦး၊(၁)ကြိမ်ထိုးပြီးသူ(၁၇၉၀၅)   ဦးစုစုပေါင်း (၂၄၀၀၃)ဦးကို   ကာကွယ် ဆေးထိုး နှံပေးပြီးဖြစ်ပါတယ်။  အသက်(၁၂) နှစ်နဲ့အထက်  ကျောင်းသား/သူများကိုတော့   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) အမျိုးအစားကို ထိုးနှံပေး မယ်လို့ သိရပါတယ်။

မေး     - ကျောင်းသားမိဘတွေနဲ့  ကျောင်းသား/ကျောင်းသူတွေအတွက်  စကားလက်ဆောင်လေး​           ပြောကြားပေးပါဦးရှင့်။           

ဖြေ     - ကမ္ဘာ့ကပ်ရောဂါ  ကိုဗစ်-၁၉ရောဂါဟာ မြန်မာနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးကူးစက်ခံ နေရပါတယ်  ၊  သေဆုံးမှုလည်းများပြားပြီးတော့ အင်မတန်ကြောက်စရာကောင်းပါတယ်၊ အဲဒီလိုဖြစ်ပွားနေတဲ့ ရောဂါဆိုးကြီးကို  ကာကွယ်ဆေးထိုးနှံခြင်းအားဖြင့် စာသင်ကျောင်း များ  အမြန်ဖွင့်လှစ်လာနိုင်ပြီး  မိမိတို့ရင်သွေးများရဲ့ ပညာရေးဆည်းပူးခွင့် အခွင့်အလမ်း တွေပေါ်ပေါက်လာပြီး  တစ်နှစ်တစ်တန်း   ပုံမှန်တက်ရောက်နိုင်ကာ ပညာတတ်ကြီးတွေ  ဖြစ်လာကြမှာဖြစ်ပါတယ် ၊ အဲ့ဒါကြောင့်ကာကွယ်ဆေးကို မပျက်မကွက်ထိုးနှံဖို့ ကျောင်း သားမိဘများကို တိုက်တွန်းလိုပါတယ်၊ကျောင်းသား/သူများအနေနဲ့လည်း အတန်းပညာ များကို  ပျော်ပျော်ရွှင်ရွှင်  ၊  ရောဂါကင်းရှင်းစွာနဲ့ ပညာသင်ကြားနိုင်ဖို့  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံကြပါလို့ တိုက်တွန်းပြောကြား လိုပါတယ်။

 

တွေ့ဆုံမေးမြန်း  - ဝင်းအိဇွန်(ပြန်/ဆက်)

ဓာတ်ပုံ - ဇော်ဇော် ၊ မြင့်မြင့်ထွေး (ပြန်/ဆက်)