သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ်၊ ပထမအကြိမ် (၂၉၆၅) ဦး ထိုးနှံပြီးစီး

သရက်     အောက်တိုဘာ  ၁၂

 

မကွေးတိုင်းဒေသကြီး၊ သရက်မြို့သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိရာ စက်တင်ဘာ ၁၁ ရက်နေ့အထိ တတိယအသုတ်၊ ပထမအကြိမ်အဖြစ် (၂၉၆၅) ဦးအား ဆေးထိုး နှံပေးနိုင်ခဲ့ပြီး ရွှေသက်လွတ် ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်တွင် ယနေ့နံနက် ၉ နာရီက သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ် ဆေးထိုးနှံခြင်းများ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။     

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးသည့်နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင် ဆရာဝန်ကြီးနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။ သရက်မြို့နယ်၌  ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၃၅၀၀ လုံး ထပ်မံရရှိထားပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦး ထိုးနှံပေးနိုင်သည့်အတွက် လူဦးရေ ၁၇၅၀၀ ဦးကို ကာကွယ်ဆေးများ ထိုးနှံပေးနိုင်မည်ဖြစ် ကြောင်း၊  အောက်တိုဘာ ၁၁ ရက်နေ့အထိ မြို့နယ်အတွင်းမှ လူဦးရေ (၂၉၆၅) ဦး အား တတိယအသုတ်၊ ပထမအကြိမ်ကာကွယ်ဆေး ထပ်မံထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကျေးရွာစုရပ်နေရာများဖြစ်သော ထုံးတောင် ကျေးရွာ၊ တလပါးကျေးရွာ၊ အလပ်လယ်ကျေးရွာနှင့် ဘော်ကျေးရွာများတွင်လည်း ကျန်ရှိနေသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။

 

ဇော်ဝမ်းထွန်း(အောင်လံ