မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက် ပြည်သူများနှင့်ဦးတည်အုပ်စုများမှ ပြည်သူ(၅၃၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ်(ပထမအကြိမ်)ထိုးနှံပေး

မုံရွာ အောက်တိုဘာ ၁၂

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများမှ ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခြင်းကို အောက်တိုဘာလ(၁၁)ရက်၊ နံနက်(၉)နာရီမှနေ့လယ်(၁)နာရီအထိ တက္ကသိုလ်ဓမ္မာရုံတွင် ကျား(၃၀)ဦး၊ မ(၄၀)ဦး၊ ပေါင်း(၇၀)ဦး၊ အမက(၂၉)၊ မုံရွာတောင်ရပ်ကွက်တွင် ကျား(၃၄)ဦး၊မ(၆၁) ဦး၊ပေါင်း(၉၅)ဦး၊ ရွှေစည်းခုံသာသနာ့ဗိမ္မာန်တော်တွင် ကျား (၆၄)ဦး၊ မ(၁၅၁)ဦး၊ ပေါင်း(၂၁၅)ဦး နှင့် အထက(၂)တွင် ကျား(၅၈)ဦး၊ မ(၉၂)ဦး၊ ပေါင်း(၁၅၀)ဦး စသည့်သတ်မှတ်နေရာ(၄)ခုတွင် ကျား(၁၈၆)ဦး၊ မ(၃၄၄)ဦး၊ ပေါင်း(၅၃၀)ဦး တို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို   မုံရွာမြို့နယ်အတွင်းမှ ပြည်သူများအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်းကာ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။

 

ခရိုင်(ပြန်/ဆက်)