နတ်မောက် အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ နတ်မောက်ဆည် ရေလှောင်တမံသည် ရေပိုလွှဲမှရေကျော်ကျ လျက်ရှိရာ ယနေ့နံနက်(၆)နာရီတွင် ဆည်ရေတိုင်းထွာချက်အရ ရေပြည့်အမှတ်ထက် ရေကျော်ကျလျက်ရှိ ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။
အဆိုပါ နတ်မောက်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၈၃)ပေဖြစ်ပြီး အောက်တိုဘာ (၁၁)ရက် ညနေ(၃) နာရီအချိန် မိုးရွာသွန်းမှုကြောင့် မိုးရေချိန် (၃.၃၄)လက်မရှိရာ ယနေ့နံနက်ပိုင်း တိုင်းထွာချက် အရ လက်ရှိရေ အမှတ်မှာ (၆၈၄)ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် (၁)ပေရေပိုလွှဲမှ ရေကျော်ကျ လျက်ရှိပြီး နတ်မောက်ဆည်ရေလှောင်တမံနှင့် အဆောက်အအုံများမှာ အားလုံးကြံ့ခိုင်ကောင်း မွန်၍ စိုးရိမ်ဖွယ်ရာ မရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှသိရသည်။
လှဝင်း