ညောင်တုန်း အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကို အောက်တိုဘာလ(၁၀)နေ့ မွန်းလွဲ၂နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးကက အဖွင့်အမှာစကား ပြောကြားကာ ဒေသဆိုင်ရာ လုပ်ငန်းများ (၆)လတာအတွင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာစန်းက စီမံကိန်းဝင်ဌာနစာရင်းများအား ရှင်းလင်းတင်ပြပြီး လစဉ် အကောင်ထည်ဖော် ဆောင်ရွက်နိုင်မှုများ ပြန်လည်တင်ပြပေးရန် ဆွေးနွေးပြောကြားပါသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များက ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ တာဝန်ယူဆောင်ရွက်မည့် ဌာနများ ကိုယ်စား မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး ဦးစီးဌာန ဦးလှမျိုး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများအား မြို့နယ်လုပ်ငန်းစီမံကိန်းနှင့် ဒေသန္တရစီမံကိန်းတာဝန်များ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်း ရေးဆွဲရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။
မြို့နယ်