မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်နှင့်စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှု ပြန်လည်မြင့်တက်

  မြို့သစ်  အောက်တိုဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်နှင့်စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုသည် ယမန်နေ့ နံနက်ပိုင်းက လျော့နည်းကျဆင်းရာမှ ယနေ့နံနက်ပိုင်းတွင် ပြန်လည် မြင့်တက်လာကြောင်း မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။

 

ဆဒ္ဒန်ဆည်ရေလှောင်တမံသည် ယမန်နေ့နံနက်ပိုင်းက ရေပြည့်အမှတ်ထက် ( သုည ဒသမ  နှစ်ပေခန့်) ရေပိုလွှဲမှ ရေကျော်ကျမှုရှိရာမှ ယနေ့နံနက်ပိုင်းတွင်( တစ်ပေခန့် ) မြင့်တက်လာပြီး စွန် ဆည်ရေလှောင်တမံသည် ယမန်နေ့ နံနက်ပိုင်းက (သုည ဒသမ တစ်ပေခန့် ) ရေပိုလွှဲမှ ရေကျော်ကျ မှုရှိရာမှ ယနေ့နံနက်ပိုင်းတွင် (သုည ဒသမ ကိုးပေခန့်) ရေပိုလွှဲမှ ရေကျော်ကျမှု ပြန်လည်မြင့်တက် လာကြောင်း သိရသည်။

ဆဒ္ဒန်ဆည်နှင့်စွန်ဆည်ရေလှောင်တမံ၏ရေပိုလွှဲမှ  ရေကျော်ကျမှု  ပြန်လည်မြင့်တက်သော် လည်း  ဆည်အောက်ပိုင်း ရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့် တစ်ပြေးညီအသိပေးနှိုးဆော်မှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)