နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ ကိုဗစ်-၁၉ရောဂါပိုး(၁၄)ဦးထပ်မံတွေ့ရှိ

လေရှီး  အောက်တိုဘာ  ၁၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိမှုနှင့် ပတ်သက်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်းများ၊ ပြည်သူများ စုစုပေါင်း(၁၂၁)ဦးအား RDT Test Kit ဖြင့်စစ်ဆေးကြည့်ရာ (၁၄)ဦးမှာPositive အဖြေထွက်ရှိခဲ့ကြောင်းသိရသည်။

အဆိုပါပိုးတွေ့လူနာများအား လေရှီးမြို့နယ်ပြည်သူ့ဆေးရုံ (Positive Center)တွင် (Community Based Facility Quarantine) (၁၀) ရက်ထားရှိသွားမည်ဖြစ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ကိုဗစ်ကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့က ကစောင့်ကြည့်စစ်ဆေးလျက်ရှိပြီးမြို့နယ်အတွင်း ကျန်းမာရေး စောင်ရှောက်မှုအား အထက်တန်းသူနာပြု၊ သူနာပြုဆရာမများနှင့် ကျန်းမာ‌ရေးဝန်ထမ်းများက ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

 

ဆိုင်းသာ(လေရှီး)