ပန်ဆောင် အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွား မှုမရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသံချဲ့စက်ဖြင့် နှိုးဆော်အသိပေးခြင်းလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ကမြို့အတွင်းလှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့အသံချဲ့စက်ဖြင့်လှည့်လည် နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှု မရှိစေရေးနှင့်ကြိုတင်ကာကွယ်ရေးတို့ အတွက် မိမိတို့အိမ်အတွင်း၌သာနေထိုင်ကြရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ လုံးဝမထွက်ကြရန်၊ မဖြစ်မနေထွက်ရပါက နှာခေါင်းစည်း(Mask)များတပ်ဆင်ပြီးမှ သွားလာကြရန်၊ မိမိတို့၏လက်များအား စနစ်တကျ မကြာခဏဆေးကြောကြရန်၊ လူစုလူဝေးနေရာများသို့ မလိုအပ်ပဲမသွားကြရန်၊ ကျန်းမာရေးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာများကို တိကျစွာလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ဂျာယော်(ပန်ဆောင်)