နာဂဒေသ၊ လေရှီးမြို့၌ နယ်စပ်ဒေသ တောင်တန်းသာသနာပြု ရဟန်းသံဃာတော်များ၊ သီလရှင်နှင့် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းများအားအလှူငွေများ ဆက်ကပ်လှူဒါန်း

လေရှီး အောက်တိုဘာ  ၁၂  

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ မြို့မ ဗဟိုသာ သနာပြု‌ကျောင်း၌ ယမန်နေ့နံနက်(၁၀) နာရီအချိန်က  ဝါတွင်းကာလအတွင်း ဆွမ်း၊ ကွမ်းအခက်အခဲ မရှိစေရေးအတွက် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပေးပို့လှူဒါန်းသော အလှူငွေများကို ပြည်ထောင်စုဝန်ကြီးကိုယ်စား မြို့နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူ ဦးကျော်ကျော်ဟန်က ဗဟိုသာသနာပြုကျောင်းထိုင် ဆရာတော် အရှင်ဦးသုဒဿန ထံသို့ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်ပြီး ရဟန်းသံဃာတော် (၂၀)ပါးနှင့် သီလရှင်(၃)ပါးတို့အား   ဗဟိုသာသနာပြု ဆရာတော် တစ်ပါးလျှင် ငွေ(၁၅၀၀၀၀) ကျပ်၊ သာသနာပြုရဟန်းတော်၊ သီလရှင်နှင့် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းဆရာတော်တစ်ပါးလျှင် ငွေ (၁၀၀၀၀၀) ကျပ်တိတိ  စုစုပေါင်း(၂၃)ပါးအတွက် ငွေ (၂၃၅၀၀၀၀)ကျပ်အား တာဝန်ရှိသူများမှ ဆက်ကပ် လှူဒါန်းပေးခဲ့ပြီး အဆိုပါ အလှူ‌ငွေ ဆက်ကပ်လှူဒါန်း‌ ပေးအပ်ပွဲတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင်က ဆရာ‌တော်၊ သံဃာတော်များနှင့် သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း‌ပေးခဲ့ကြောင်း သိရသည်။

 

ဆိုင်းသား (လေရှီး)