တနင်္သာရီ အောက်တိုဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ ကုသရေးဆေးရုံများနှင့် Positive Centre များ အတွင်း ဆေးဝါးကုသမှုခံယူစဉ် ပြန်လည်သက်သာကျန်းမာလာသူ ကိုဗစ်-၁၉ ရောဂါလူနာ ပေါင်း(၄၇)ဦးတို့ကို ယမန်နေ့က သက်ဆိုင်ရာတာဝန်ခံဆရာဝန်များက ဆေးရုံမှဆင်းခွင့်ပြု လက်မှတ်များထုတ်ပေး၍ ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီး မိမိတို့နေအိမ်တွင် အသွားအလာကန့် သတ်၍ Home Quarntine အဖြစ် (၇)ရက်တိတိ သီးခြားဆက်လက်နေထိုင်ရန် သတိပေး လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရှိရသည်။
အလားတူ မြို့နယ်ပြည်သူ့ဆေးရုံဓာတ်ခွဲခန်းအပါအဝင် တိုက်နယ်ဆေးရုံများ၊ ကျေးလက် ကျန်းမာရေးဌာနများတွင် ယမန်နေ့က ပြင်ပလူနာ(၅၅)ဦးတို့အားရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့်စစ်ဆေးပေးရာ လူနာသစ် (၁၇)ဦးတွင် ရောဂါပိုး အတည်ပြု တွေ့ရှိသဖြင့် ယမန်နေ့အထိ တစ်မြို့နယ်လုံးတွင် ပိုးတွေ့ရှိသူပေါင်း (၂၀၂၅)ဦး၊ ပြန်လည်ကျန်းမာသူ (၁၈၄၆)ဦး၊ သေဆုံးခဲ့သူ (၂၄)ဦး၊ ကုသဆဲပိုးတွေ့လူနာ (၁၄၅)ဦးအထိ ရှိနေသေးကြောင်း သိရှိရသည်။
သို့ဖြစ်၍ တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံမှ သီးသန့်လူနာဆောင် (Isolation Ward)တွင် ကိုဗစ်-၁၉ လူနာ(၂၇)ဦး၊ တကူတိုက်နယ်ဆေးရုံ (Isolation Ward)တွင် (၂၂)ဦး၊ မောတောင် တိုက်နယ် ဆေးရုံ (Isolation Ward)တွင် (၅)ဦး၊ အထက-တနင်္သာရီ Positive Centre အတွင်း (၃၉)ဦး၊ အလက(ခွဲ)သံတိုက် Positive Centre တွင် (၁၆)ဦး၊ အထက-ညောင်ပင်ကွင်း Positive Centre တွင်(၃၁)ဦးနှင့် အလက(ခွဲ)သာရဖုံ(န) Positive Centre အတွင်း (၅)ဦးရှိသဖြင့် ကုသဆဲ ကိုဗစ်-၁၉ လူနာပေါင်း(၁၄၅)ဦးအထိရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း