ကြာအင်းဆိပ်ကြီးမြို့၌ ကာကွယ်ဆေးဖြင့်လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ဟူသော မြေစိုက်ပိုစတာစိုက်ထူး

ကြာအင်းဆိပ်ကြီးအောက်တိုဘာ ၁၂

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကာကွယ်ဆေးဖြင့် လွှမ်းခြုံ အပ်သောအနာဂတ်ပန်းခင်းများဆီသို့ ဟူသည့်ဆောင်ပုဒ်အတိုင်း အသက်(၁၂)နှစ်ပြည့်ပြီးသော အလယ်တန်း အထက်တန်းကလေးများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်စေဖို့ ကိုယ်ဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးကြပါစို့ မြေပိုစတာအား ရပ်ကွက် ကျေးရွာအုပ်စု ကျေးရွာများမှ ကလေးမိဘပြည်သူ အုပ်ထိန်းသူများနှင့် ခရီးသွားလာမိဘပြည်သူများမှ တွေ့ရှိသိမြင်ပြီး မိမိတို့၏ကလေးများကို ကိုဗစ်ရောဂါ ကာကွယ်ဆေးများထိုးနှံပေးနိုင်စေရေးအတွက် မြေစိုက် ပိုစတာ စိုက်ထူခြင်းကို ယမန်နေ့ ညနေပိုင်း ၄နာရီခွဲအချိန်က အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဇမိရတနာဈေးအရှေ့၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါမြေစိုက်ပိုစတာစိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်း၍စုပေါင်းစိုက်ထူ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

မျိုးမင်းဦး