ရေနံချောင်း အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ” ပန်းခင်း”စီမံချက်ဖြင့် ကျေးရွာများ အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးသော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီ အချိန်ခန့်က အမှတ်(၁) ၊အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းအောင်က ““ပန်းခင်း” စီမံချက်သည် နိုင်ငံတော် စီမံချက်တစ်ခုဖြစ်ပါတယ်၊ ပြည်သူလူထုတစ်ရပ်လုံးအတွက် မရှိမဖြစ် လိုအပ်လျက်ရှိသော ရသင့်ရထိုက်တဲ့ အိမ်ထောင်စု လူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များကို အရှိန်အဟုန်မြှင့်ထုတ်ပေးနေသော စီမံချက်ဖြစ်ပါတယ်၊ “ ပန်းခင်း” စီမံချက်တွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့်အတူ ပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် စာရေးများကိုလည်း ကျေးဇူတင်ရှိပါကြောင်း ပြောလိုပါတယ်၊ ရှေ့ဆက်ပြီး ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါလို့လည်းတိုက်တွန်းအပ်ပါတယ် ” ဟု အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရေနံချောင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးစီးအရာရှိ ဦးတင်အောင်ကျော် က “ ရေနံချောင်းမြို့နယ် အတွင်း တွင် ၂၀၂၁-ခုနှစ် ၊ မေလ (၃) ရက်နေ့က စတင်ကာ “ ပန်းခင်း “ စီမံချက် ကို စတင်ဆောင်ရွက်ခဲ့ပါတယ်၊ ကျွန်တော်တို့ ဌာန အနေနဲ့ ကျွန်တော်တို့ ဝန်ကြီးဌာနက ညွှန်ကြားချက်များနှင့်အညီ “ ပန်းခင်း” စီမံချက်ကို “လူမှုဘဝ ပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့”ဆောင်ပုဒ်နှင့်အညီနေထိုင်မှုပုံစံ အမျိုးအစား(၄)မျိုးနဲ့ ဆောင်ရွက် ပေးနေပါတယ်၊ ရေနံချောင်းမြို့နယ်အနေဖြင့် ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်တဲ့ အခါမှာ စီမံချက်စတင်သည့်နေ့ ရက်နေ့မှ စ၍ ယနေ့ထိ အသက်(၁၀)နှစ် ပြည့် နိုင်ငံသားကတ်ကိုင်ဆောင်ထားရာမှ အသက်(၁၈) နှစ်ပြည့်ကတ်ပြားသို့ လဲလှယ်လျှောက်ထားလာမှုတွေ၊ နိုင်ငံသားကတ်ပျောက်ဆုံး/ ပျက်စီးခြင်းအတွက် မိတ္တူဝင် ရောက် လျှောက်ထား လာမှုတွေအတွက် ကျား(၁၁၃၃)ဦး၊ မ(၁၄၁၃)ဦး၊ စုစုပေါင်း (၂၅၄၆) ဦးကို ထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ် ၊ စီမံချက်ကာလ ဖြစ်တဲ့ ၂၀၂၁ ခုနှစ်၊ မေ လ (၃) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့ အထိ ရေနံချောင်း မြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်မရှိသေးသူတိုင်းကို လက်ဝယ်အရောက် ထုတ်ပေးနိုင်ရေးကို သက်ဆိုင်ရာ ဌာနများနဲ့အတူ ပူးပေါင်းကာ အင်တိုက် အားတိုက် ဆောင်ရွက်သွားမှာပါ ” ဟု ပြောကြားခဲ့ပါသသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး သန်းနိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးတင်အောင်ဦး၊ ဒုတိယ မြို့နယ်ကျန်းမာရေးမှူး ဦးနေမျိုးထွန်းနှင့် မြို့နယ်ပညာရေးမှူး ဦးအေးဝင်းတို့က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ခဲ့ကြပြီး အုတ်ရှစ်ကုန်း ကျေးရွာမှ ဦးတင်ဝင်းက ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသော ကျေးရွာသူ ကျေးရွာသား များနှင့်အတူ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ငြိမ်းငြိမ်းအိ