ဖျာပုံ အောက်တိုဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ အသက်(၁၂)နှစ်နှင့််အထက် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ကူးစက် ရောဂါကာကွယ်ဆေးထိုးနှံရေးအတွက် ယနေ့ နံနက်(၁၀) အချိန်က ဖျာပုံမြို့နယ် ပညာရေးမှူးဒေါ် တင်ရီအားသွားရောက် တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ပညာရေးမှူး ဒေါ်တင်ရီနှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင်-
မေး။ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ပညာရေးဌာနမှ စီမံဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍ သိပါရစေရှင်-
ဖြေ။ ကျွန်မတို့ ဖျာပုံမြို့နယ်အနေဖြင့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံ နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်ပညာရေးဌာနတို့နှင့် အောင်မြင်အောင် ဆောင်ရွက်နိုင် ရေးအတွက် ညှိနှိုင်းဆွေးနွေး မှုများ ဆောင်ရွက်ခဲ့ပြီး ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာဆရာမများ၊ အုပ်ချုပ်ရေးမှူးများနှင့်လည်း အစည်းအဝေးများ ပြုလုပ်ဆောင်ရွက်ထားပါတယ်-
မေး။ ကာကွယ်ဆေးထိုး စုရပ်သက်မှတ်ထားမှုနှင့် ပတ်သက်ပြီး သိပါရစေရှင့်-
ဖြေ။ ကျန်မတို့ ဖျာပုံမြို့နယ်အနေဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စု (၇၄)အုပ်စုရှိရာ ကာကွယ်ဆေး ထိုးစုရပ်(၁၄)နေရာထားရှိပြီး ပထမဦးဆုံးအနေဖြင့် ထိုနှံပေးမည့်စုရပ်(၄)နေရာမှာ အထက(၁)ကျောင်း၊ အထက ကျုံကျိုက်ကျောင်း၊ အထက ဒေါ်ညိမ်းကျောင်းနှင့် အထကအမာစသည့် ကျောင်း(၄)ကျောင်းတို့တွင် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများကို၊ ကိုဗစ်ကာကွယ်ဆေးများ ရောက်ရှိလာပါက စတင်ထိုးနှံပေးသွားမှာဖြစ်ပြီး အလယ်တန်းအဆင့်ကို အထက်တန်း ကျောင်းသား/ ကျောင်းသူများ ထိုးနှံပေးပြီးမှ ဆက်လက်ထိုးနှံပေး သွားမှာဖြစ်ပါတယ်-
မေး။ကာကွယ်ဆေးထိုးနှံပေးဖို့ ကျောင်းသား၊ ကျောင်းသူစာရင်းပြုစုထားရှိမှု အခြေအနေ သိပါရစေ-
ဖြေ။ ကာကွယ်ဆေးထိုးဖို့ ကျောင်းသားကျောင်းသူများ စာရင်းပြုစုထားရှိပါတယ်၊ ဆေးထိုး စာရင်းအထက်တန်းအဆင့်တစ်ခု၊ အလယ်တန်းအဆင့်တစ်ခုခွဲပြီး ပြုစုထားပြီး အထက်တန်းအဆင့်တွင် ကျောင်းသားကျောင်းသူ (၂၅၃၄)ဦး၊ အလယ်တန်း အဆင့်တွင်(၁၀၅၉၄)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၁၃၁၂၈)ဦး ထိုးနှံပေးဖို့ပြုစုထားရှိပါတယ်-
မေး။ ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက် အသိပညာပေးဆောင်ရွက်ထားရှိမှုကိုလည်း သိပါရစေ-
ဖြေ။ ကာကွယ်ဆေးမထိုးမီ ရပ်ကွက်/ကျေးရွာများရှိ မိဘပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ သိရှိနိုင်ရေး အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို တစ်နေ့လျှင်(၃)ကြိမ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်-
မေး။ ဆရာမကြီးအနေဖြင့် ဖြည့်စွက်ပြောကြားခြင်းတာရှိရင် ပြောကြားပေးပါရှင့်-
ဖြေ။ ဟုတ်ကဲ့ ကျွန်မတို့ပညာရေးဌာနအနေဖြင့် ကျောင်းများဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ ပြုလုပ်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံ ပြီးသော ကျောင်းသား/ကျောင်းသူများနီးတူ ကာကွယ် ဆေးထိုးနှံခြင်းမရှိသေးသူများလည်း ကျောင်များဖွင့်လှစ်ပါက ကျောင်းတက်ရောက် ပညာသင်ကြားနိုင်မှာဖြစ်ပါတယ်၊ ကာကွယ် ဆေးထိုးနှံပေးရာတွင် မြို့ပေါ်ဆေးထိုစုရပ်များတွင် ကျန်းမာရေးဌာနမှ ဆရာဝန်/ ဆရာမများ၊ ကျေးရွာများရှိ ဆေးထိုးစုရပ်များတွင် ကျေးလက်ကျန်းမာရေးမှူးများက ကြီးကြပ်ထိုးနှံပေးသွားမှာဖြစ်ပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသွားမှာဖြစ်သည့် အတွက် မိဘပြည်သူများ ကျောင်းသား/ကျောင်းသူများအနေဖြင့် ပူပေါင်းပါဝင်ပေးဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
မာမာလွင်(ဖျာပုံခရိုင်ပြန်/ဆက်)