ဟိုင်းကြီးကျွန်းမြို့တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဟိုင်းကြီးကျွန်း   အောက်တိုဘာ  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် အသက် (၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်()ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ ရာဇဓ္ဓရာဇ်လမ်းဆုံနှင့် ဦးအောင်ဇေယျလမ်းဆုံတို့တွင် လက်ကမ်းစာစောင် စောင်ရေ (၂၀၀) ဖြန့်ဝေခဲ့ ကြသည်။

အဆိုပါ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို  အသက်(၁၂)နှစ် နှင့် အထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများအား "ကာကွယ်ဆေးဖြင့်လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ "ဟူသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ "ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့ "ဟူသော ဆောင်ပုဒ်ဖြင့်လည်းကောင်း၊ ဒေသတွင်းနိုင်ငံများတွင် ကျောင်းသား၊ ကျောင်းသူများအား ဆေးထိုးနှံပြီးစီးမှု အခြေအနေတို့ ပါဝင်ပါသည်။ အသိပညာပေး လက်ကမ်းစာစောင်များကို မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် မြို့အဆင့် ဌာနဆိုင်ရာ များပူးပေါင်း၍ ဖြန့်ဝေခဲ့ကြသည်။ ဟိုင်းကြီးကျွန်းမြို့တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူ (၅၆၅၄)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမကြာမီကာလအတွင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး ဆေးထိုးစုရပ်များသတ်မှတ်ကာ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နွေးနွေးအောင် (ပြန်/ဆက်)