ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်​ရေး ပိုးသတ်​ဆေးဖျန်း

ဖား​ဆောင်း  ​အောက်တိုဘာ ၁၁

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍  မြို့နယ်အတွင်းရှိ လူအသွားအလာများ​​သော ​နေရာများ၊ လမ်း​ဘေးဝဲယာ ​စျေးဆိုင်များ၊ လူ​နေအိမ်များ၊ ဌာနဆိုင်ရာ ရုံးများတို့တွင် ​ယနေ့ နံနက် ၈ နာရီ အချိန်က ပိုးသတ်​ဆေးဖျန်းခြင်း လုပ်ငန်းများ​ ဆောင်ရွက်ခဲ့​ကြောင်း မြို့နယ်ကိုဗစ်-၁၉​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ ကော်မတီထံမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်​ရေးအတွက် ပိုးသတ်​ဆေးဖျန်းခြင်း လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီ၏ ကြီးကြပ်မှုဖြင့် ​​ကော်မတီဝင်များ၊​ ရွှေပြည်သို့ လူမှုကူညီ​ရေး အသင်းအဖွဲ့ဝင်များ၊ Volunteer များက ပူးပေါင်း​ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းအထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း (၉၇၃)ဦး ရှိပြီး၊ သေဆုံးသူ(၁၃)ဦးရှိပြီဖြစ်ကြောင်းနှင့် လက်ရှိမြို့နယ် ပြည်သူ့ဆေးရုံနှင့် လိုခါးလို တိုက်နယ်ဆေးရုံတို့တွင် ဆေးကုသမှု ခံယူနေသူ (၈၆)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

နန်းသဲနု​အောင်