တောင်ငူ၌ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမည့်သူများအား ဆက်လက်ထိုးနှံပေး

တောင်ငူ အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမည့်သူများအား  ဦးစားပေးအုပ်စုအလိုက် ဆေးထိုးစုရပ်အသီးသီးတွင်  ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

 ထိုသို့ဆောင်ရွက်ရာ၌ ဆေးထိုးစုရပ်များဖြစ်ကြသည့် ဂေဂိုဂယ်ဘားခရစ်ယာန်ကျောင်း၊ ကေလဇာတီ ဘုရားဝန်း၊   မြစည်းခုံ သာသနာ့ဗိမာန်ဟောင်း၊ မြို့ဦးကျောင်းတိုက်ကေတုမတီမြို့သစ်၊ ဒက္ခိဏရာမ ဘုန်းကြီးကျောင်းတို့၌ ကာကွယ်ဆေးထိုးနှံရန် အုပ်စုများအဖြစ် အသက် ၅၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ အစိုးရနှင့်ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ EAOများ၊ အကျဉ်းထောင်များမှ အကျဉ်းသား အချုပ်သားများ၊ ဟိုတယ် မိုတယ်နှင့် တည်းခိုခန်း အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများမှ ဝန်ထမ်းများ၊ စျေးသူစျေးသား များနှင့်စျေးရောင်းချသူများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ မသန်စွမ်းများ၊ နာတာရှည် ရောဂါအခံရှိသူများအား ထိုးနှံပေးလျက်ရှိရာ ဆေးထိုးစုရပ် တစ်ခုလျှင် ဦးရေ ၄၀၀ နှုန်းဖြင့် ဆေးထိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆေးထိုးစုရပ်များ၌ ပထမအကြိမ် လာရောက်ထိုးနှံပြီးစီးသူများအား ဒုတိယအကြိမ် ထိုးနှံမည့် သက်မှတ်ရက်များတွင်လည်း မပျက်မကွက် လာရောက်ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပေး နှိုးဆော်မှုများ ဆောင်ရွက်ထား ကြောင်း သိရသည်။

ဇော်ထက်