နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာဆေးရုံဆင်း(၉၃၁)ဦးရှိ

နတ်မောက်      အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင်ရပ်ကွက်/ကျေးရွာများရှိအနံ့ပျောက်ဝေဒနာခံစားနေရသူများ  မှမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့အောက်တိုဘာ (၁၀)ရက်နေ့နံနက်(၁၁)နာရီ အချိန်ခန့်က (၈)ဦးမှာလာရောက် စစ်ဆေးခဲ့ကြရာပိုးမတွေ့ရှိခဲ့သည့်အတွက် ကိုဗစ်-၁၉အတည်ပြုလူနာယနေ့အထိစုစုပေါင်း(၁၀၁၈)ဦးရှိပြီး ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦး စီးဌာနမှသိရသည်။

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာစုစုပေါင်း(၁၀၁၈)ဦးရှိပြီး ဆေးရုံဆင်း(၉၃၁)ဦး၊  ယနေ့အထိပိုးတွေ့သူများကိုပြည်သူ့ဆေးရုံနှင့် ကိုဗစ်စင်တာတို့တွင်(၅)ဦးထားရှိပြီး သေဆုံးသူ (၈၂) ဦးအထိ  ရှိလာပြီးဖြစ်ကြောင်းသိရသည်။

 

လှဝင်း