မော်လမြိုင်ကျွန်း အောက်တိုဘာ ၁၁
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်အမှာစကား ပြောကြားပြီး ဒေသဆိုင်ရာလုပ်ငန်း များ (၆)လတာအတွင်း အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆွေးနွေးမှာကြားပြီး ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ တာဝန်ယူဆောင်ရွက်မည့်ဌာနများကိုယ်စား မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းဇော်နှင့် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဌေးတို့ထံသို့ လယ်ယာကဏ္ဍ လုပ်ငန်းစီမံကိန်းနှင့် ဒေသန္တရစီမံကိန်း တာဝန်များ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။
သီတာအောင် (ပြန်ဆက်)