ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်းမှု

ဦးကျော်ဝင်း

ငဖဲမြို့နယ်ပညာရေးမှူး

မေး။                            အထက်တန်း၊ အလယ်တန်း၊ မူလတန်းလွန် ကျောင်းတွေမှာ နိုင်ငံတော် အစီအစဉ်နဲ့ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရတဲ့အတွက် ဆရာကြီးတို့အနေနဲ့ ကာကွယ်ဆေးထိုးနှံဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို ပြောပြပေးပါရှင်။

ဖြေ။                 အသက်(၁၂)နှစ်အထက် အခြေခံပညာ အထက်တန်းအဆင့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းလွန် ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပေးနိုင်ဖို့အတွက် ကျောင်းသား၊ ကျောင်းသူတွေရဲ့ အခြေခံစာရင်း တွေကို တစ်ကျောင်းချင်းစာရင်း ကောက်ယူပြုစုပါတယ်။ အဆိုပါစာရင်းများအရ ငဖဲမြို့နယ်မှာ အခြေခံပညာ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ(၁၆၇)ဦးနဲ့ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ (၈၃၆)ဦး စုစုပေါင်း (၁၀၀၃)ဦး ရှိပါတယ်။ ကြိုတင် ပြင်ဆင်မှုအနေနဲ့ သက်ဆိုင်ရာ ကျောင်းများမှ ဆရာ၊ ဆရာမများကို အောက်တိုဘာလ ရက် နေ့မှာ တစ်ကြိမ်၊ အောက်တိုဘာလ ၈ ရက်နှင့် ရက်များမှာ တစ်ကြိမ် စုစုပေါင်း()ကြိမ်ခေါ်ယူ ဆွေးနွေးပြီး ကာကွယ်ဆေးများ အဆင်ပြေစွာ ထိုးနှံနိုင်ရေး ဆောင်ရွက်ကြဖို့ တွေ့ဆုံမှာကြားပြီး ဖြစ်ပါတယ်။

မေး။                ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးမယ့် စုရပ် ၅ ခုရဲ့ နေရာလေးတွေကို ပြောပြပေးပါရှင်။

ဖြေ။                 ကျေးရွာအုပ်စုအလိုက် ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ သွားရောက် ထိုးနှံနိုင်ဖို့အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းဆွေးနွေးပြီး ငဖဲမြို့နယ်အတွင်း ကာကွယ်ဆေးထိုးစုရပ်နေရာ()နေရာ သတ်မှတ်ပြီး ကြိုတင်ဆောင်ရွက် ထားရှိပါတယ်။ ကာကွယ်ဆေးထိုးစုရပ် နေရာများမှာ အထက (ငဖဲ)၊ အထက(ပဒါန်း) အထက-ခွဲ(ဇင်ပြွန်း) အထက(ဂုတ်ကြီး)နဲ့ အမက(မရိုးကန်) နေရာများဖြစ်ပါတယ်။

မေး။                ကျောင်းသား၊ ကျောင်းသူတွေကို စုရပ်တွေမှာ ကာကွယ်ဆေးထိုးနှံဖို့အတွက် အသိပေးချက်တွေကို ဘယ်လိုဆောင်ရွက်ထားပါသလဲရှင့်။

ဖြေ။                 သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများကိုခေါ်ယူပြီး ဆေးထိုးစုရပ် ()နေရာမှာ ထိုးရမယ့် ကျောင်းများနဲ့ ကျောင်းသား၊ ကျောင်းသူ စာရင်းတွေကို ကြိုတင်အသိပေး ပြီးဖြစ်ပါတယ်။ နောက်ပြီး ကျောင်းသား၊ ကျောင်းသူ မိဘများကိုလည်း ကျောင်းအလိုက် ခေါ်ယူပြီး ဆွေးနွေးမှုများ ဆောင်ရွက်ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံဖို့အတွက် ကာကွယ်ဆေးထိုးနှံပြီးစီးမှ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်မှာ ဖြစ်ကြောင်း မှာကြားပြီးဖြစ်ပါတယ်။

မေး။                မကြာခင်မှာအခြေခံပညာ ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။ ကျောင်းတွေပြန်ဖွင့်ဖို့အတွက် ဆရာကြီးတို့အနေနဲ့ ဆောင်ရွက်ထားရှိမှုလေး သိချင်ပါတယ်ရှင်။

ဖြေ။                 တိုင်းဒေသကြီးနှင့် ခရိုင်ပညာရေးမှူးရုံးများမှ ညွှန်ကြားချက်အရ မြို့နယ် ပညာရေးမှူး ရုံးအနေနဲ့ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း(၈၃)ကျောင်းနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း()ကျောင်း စုစုပေါင်း (၈၆)ကျောင်းများရှိ ကျောင်းအုပ်ကြီးများကို ()သုတ် ခွဲ၍အစည်းအဝေးခေါ်ယူပြီး ကျောင်းသန့်ရှင်းရေး၊ ကျောင်းပတ်ဝန်းကျင် သာယာလှပရေး၊ စာသင်ခန်း/စာသင်ဆောင်များကို စနစ်တကျ သန့်ရှင်းရေး ဆောင်ရွက်ထားရှိဖို့ ကြိုတင်ပြီးမှာကြား ဆောင်ရွက်ထားပါတယ်။ သင်ကြားရေးနှင့် ပတ်သက်လို့ စဉ်ဆက်မပြတ် အခက်အခဲမရှိအောင် ကျောင်းများမှာရှိတဲ့ တာဝန်ကျဆရာ၊ ဆရာမများကိုလည်း ခေါ်ယူပြီး ယခုအောက်တိုဘာလသည် ကြိုတင်ပြင်ဆင်ရေး ကာလသတ်မှတ်ထားသည့်အတွက် ကျောင်းမဖွင့်မီမှာ လိုအပ်တာတွေ မှန်သမျှ အဆင်သင့်ဖြစ်အောင်ကြိုတင်ပြင်ဆင်ထားဖို့မှာကြားပြီးဖြစ်ပါတယ်။

မေး။                ကျောင်းတွေပြန်ဖွင့်တဲ့အခါ ဆရာ၊ ဆရာမတွေအားလုံးရော ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ ပြီးပါသလားရှင်။

ဖြေ။                 ဆရာ၊ ဆရာမအားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးပါ။ အကြောင်းကတော့ ပညာရေးဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးနှံပေးတဲ့အချိန်မှာ တစ်ချို့ဆရာ၊ ဆရာမများသည် မွေးကင်းစကလေးငယ်ရှိနေခြင်း၊ ကျန်းမာရေးမကောင်းခြင်း၊ ခရီးလွန်နေခြင်း စသည့် အကြောင်းများကြောင့် ဖြစ်ပါတယ်။ တစ်မြို့နယ်လုံးအနေနဲ့ ကိုဗစ်-၁၉ကာကွယ်ဆေးကို ၈၀ ရာခိုင် နှုန်းထိုးနှံပြီးဖြစ်ပါတယ်။

မေး။    အသက်၁၂ နှစ် အထက် ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရာမှာ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်မည့်ဌာန/အဖွဲ့အစည်းများရော ရှိပါ သလားရှင်။

ဖြေ။                 ရှိပါတယ်။ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၊ ပညာရေးဌာန၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းအဖွဲ့များ ဖွဲ့စည်းထားရှိပြီးဖြစ်ပြီး ကာကွယ်ဆေးကို အဆင်ပြေချောမွေ့စွာ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။       

မေး။             ကာကွယ်ဆေးထိုးနှံပေးမှုအပေါ် ဆရာကြီးရဲ့ ပီတိစကားသံများကိုလည်း ကြားချင်ပါတယ်ရှင်။

ဖြေ။                 အခုလို နိုင်ငံတော်အစီအစဉ်နဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ် ကာကွယ်ဆေးထိုးနှံ ပေးဖို့စီစဉ်ဆောင်ရွက်တာ အလွန်ကောင်းပါတယ်။ ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးပါက ကလေးများအနေနဲ့ ကျောင်းများပြန်လည် ဖွင့်လှစ်တဲ့အခါမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရဖို့များမှာ ဖြစ်ပါတယ်။ အခု အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ တော်တော်များများကို ထိုးနှံပေးပြီးသွားရင် ကျန်းမာရေးအတွက်လည်း စိတ်ချရသလို ကျောင်းသင်ခန်းစာများကိုလည်း စိတ်အေးလက်အေး သင်ကြားနိုင်မှာ ဖြစ်ပါတယ်။

မေး။                ဆရာကြီးအနေနဲ့ အခြားဖြည့်စွက်ပြောကြားလိုတာများရှိရင် ပြောကြားပေး ပါရှင်။

ဖြေ။                 ပထမအကြိမ်မှာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးလိုက်ရတဲ့ ကလေးများရှိခဲ့ရင်လည်း ဒုတိယအသုတ်မှာ ကျောင်းသား၊ ကျောင်းသူ အားလုံး ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ထားပါတယ်။ မိဘပြည်သူများကို မိမိတို့ရဲ့ကလေးများ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ပါဝင်ကြဖို့ ပြောကြား လိုပါတယ်။

တွေ့ဆုံမေးမြန်းသူ- ဒေါ်ယုယုသိန်း