တောင်ငူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရန် နေထိုင်သွားရမည့် အချက်များနှင့် အသက် ၁၂ အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အသိပေးနှိုးဆော်

တောင်ငူ  ​အောက်တိုဘာ  ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် နေထိုင်သွားရမည့် အချက်များနှင့် အသက် ၁၂ အထက် ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပေး နှိုးဆော်ခြင်းကို   ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၌ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်ငူမြို့နယ်တွင် အောက်တိုဘာ(၁၁)ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါ အခြေအနေအရ ပိုးတွေ့ရှိမှု လျော့နည်းလာသော်လည်း  တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်သဖြင့် ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ နေထိုင်သွားလာမှု ရှိစေရေးအတွက် မိဘပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော် အသိပေးမှုများ ဆောင်ရွက်သည်။

ထို့ပြင် အသက် ၁၂ အထက် ကျောင်းသား ကျောင်းသူများအားလုံး ကာကွယ်ဆေး ထိုးနှံပေးမည့် ရက်များတွင် ပါဝင်ထိုးနှံမှု ရှိစေရေး ဆေးထိုးစုရပ်နေရာများအဖြစ်  အ.ထ.က (၁ ၊ ၂ ၊ ၅ ၊  နတ်စင်ကုန်း ၊ ကေတု ၊ ကျေးအင်းထုံးဘို၊ လေးမိုင် နဲ့ အ.ထ.က (ခွဲ) စပါးကြွယ်၊ အ.လ.က (ညောင်စခန်း) နေရာအသီးသီးတွင် ထိုးနှံနိုင်ရေးအတွက် သိရှိစေရန် နှိုးဆော်အသိပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇော်ထက်