ကသာ အောက်တိုဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် စုစုပေါင်းလူဦးရေ (၂၀၀၀)ဦးအတွက် ဒုတိယ အသုတ်အဖြစ် ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများအား ပထမအကြိမ်အဖြစ် အောက်တိုဘာလ (၄)ရက်နေ့တွင် စတင်ထိုးနှံပေးခဲ့သည်။
ကသာမြို့နယ်အတွက် ဒုတိယအသုတ်အဖြစ် ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို အောက်တိုဘာလ(၄)ရက်နေ့မှစ၍ ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ဆရာတော်၊ သံဃာတေ်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်ထက် ဘိုးဘွားများနှင့် အသက်(၁၈)နှစ် အထက်ရှိသည့် ပြည်သူများအား ပထမအကြိမ်အဖြစ် စတင်ထိုးနှံပေးခဲ့ရာ အောက်တို ဘာလ(၁၀)ရက်နေ့အထိ ဆရာတော်၊ သံဃာတေ်များနှင့် သီလရှင်များ အပါအဝင် လူဦးရေပေါင်း (၁၅၉၀)ဦးအထိ ကာကွယ်ဆေးများ ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကသာခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်နှင့် တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေး ထိုးနှံသူများကိုလည်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကူညီဆောင်ရွက်ပေးသည့် လုပ်ငန်းများကို မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ဆေးထိုးအုပ်စု များခွဲကာ အုပ်စုအလိုက် ဆောင်ရွက်ပေးခဲ့သည်။
ခရိုင်(ပြန်/ဆက်)