ဘုတ်ပြင်း အောက်တိုဘာလ ၁၁
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် ပိုးတွေ့လူနာစောင့်ကြည့်ရေးစင်တာများတွင် တာဝန်ထမ်းဆောင်ကြသည့် ပရဟိတ အဖွဲ့အစည်းများနှင့်နှင့်Quarantine Centre များတွင် တာဝန်ထမ်းဆောင်နေသော Volunteer များ အား စေတနာ့ဝန်ထမ်း သင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်ကက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး သပြေခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
သင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက အဖွင့်အမှာ စကားပြောကြားသည်။ဆက်လက်၍ သက်ဆိုင်ရာ သင်တန်းနည်းပြများက ကျန်းမာ ရေးဆိုင်ရာ အထောက်အကူပြုဘာသာရပ်၊လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု ပေးခြင်း ဆိုင်ရာများစသည့် စေတနာ့ဝန်ထမ်းသင်တန်းလက်စွဲစာအုပ်ပါများအား အပြန်အလှန် သင်ကြားဆွေး နွေးပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် ပရဟိတအဖွဲ့အစည်းများမှ Volunteer(၆၀)အား မနက်ပိုင်း(၃၀)ဦး၊ နေလည်ပိုင်း(၃၀)ဦး ဖြင့် သင်ကြားသွားမည်ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)