ဘုတ်ပြင်း အောက်တိုဘာလ ၁၁
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့၏ကြီးကြပ်မှုဖြင့် အသက်(၁၂)မှ (၁၈)နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းနှင့်ပတ်သက်၍ သိရှိနိုင်ရန် အသိပေးကြညာချက်များကို ယနေ့နံနက်က မြို့နယ် မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များတွင် အသိပေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံမည်အစီအစဉ်တွင် အဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူများအနေဖြင့် အထက်တန်း၊အလယ်တန်းကျောင်း များ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် ကျောင်းအပ်နှံ ထားရှိ ပြီးသူများ၊ ဆေးလာရောက်ထိုးနှံရာတွင် မိဘ အုပ်ထိန်းသူများ လိုက်ပါရန်၊ ကျောင်းသား ကျောင်းသူ များအနေဖြင့် မှတ်ပုံတင်ရှိပါကယူဆောင်လာရမည်၊မွေးသက္ကရာဇ် အမှန်ဖော်ပြနိုင်ရေးအတွက် သက်ဆိုင်ရာကျောင်းအုပ်ကြီးမှ ထောက်ခံချက် များနှင့်ဆေးထိုးနှံခြင်း နှင့်ပတ်သက်၍ လိုအပ်သည့် အချက်အလက်များအား တစ်ပါတည်း ယူဆောင်၍ ဆေးထိုးနှံရမည် ဖြစ်ကြောင်းသိရသည်။
ဘုတ်ပြင်းမြို့နယ်အတွင်း အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အတွင်း အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းသား ကျောင်းသူ ( ၄၀၀၈ )ဦးအား ဆေးထိုးခြင်းဆောင်ရွက်သွား မှာဖြစ်ပြီး ဆေးထိုးအဖွဲ့(၄)ဖွဲ့ဖြင့် သက်ဆိုင်ရာဆေးထိုးစုရပ် (၂၂)ခုတွင် ပထမအကြိမ်ဆေးထိုးနှံခြင်းကို အောက်တိုဘာလ ဒုတိယပတ်မှ နိုဝင်ဘာလပထမပတ်အတွင်းနှင့် ဒုတိယအကြိမ်ဆေးထိုးနှံခြင်း ကို နိုဝင်ဘာလဒုတိယပတ်မှ ဒီဇင်ဘာလ ပထမပတ် အတွင်း ဆေးထိုးနှံခြင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကာ်မတီမှ သိရသည်။
မြို့နယ်( ပြန်/ဆက်)