ကျိုက်လတ်မြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးနှင့် ပတ်သက်ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအား တွေ့ဆုံမေးမြန်းခြင်း

ကျိုက်လတ်   အောက်တိုဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်၏ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းသိန်းအောင်အား အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် စီစဉ်ဆောင်ရွက် ထားမှုများကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးနှင့် တာဝန်ရှိသူများက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် သွားရောက်မေးမြန်းခဲ့ကြောင်းသိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်နှင့်တွေ့ဆုံမေးမြန်းခဲ့ရာတွင်-

မေး။ မင်္ဂလာပါရှင့်မကြာမီ အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေမယ်လို့ကြားသိရပါတယ်ရှင့် အဆိုပါကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး ထိုးနှံနိုင်ဖို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှစီမံ‌ဆောင်ရွက်ထား ရှိမှုနှင့် ကာကွယ်‌ဆေးထိုးပေးရခြင်းရဲ့ရည်ရွယ်ချက်ကိုသိပါစေရှင့်-

ဖြေ။. ကျွန်တော်တို့ကျိုက်လတ်မြို့နယ်အ‌နေဖြင့်၁၂နှစ်အထက်‌

ကျောင်းသားကျောင်းသူများ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဆရာဝန်ကြီးတို့အဖွဲ့၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများနှင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး အတွက်ဆွေးနွေး တိုင်ပင်ညှိနှိုင်းမှုများဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ (၁၂)နှစ်အထက်ကာကွယ်ဆေးထိုးပေးရမည့်ရည်ရွယ်ချက်ကတော့အခြေခံပညာအလယ်တန်းကျောင်း အထက်တန်းဆင့် ကျောင်းသား/သူများ အနေဖြင်ကာကွယ်ဆေးထိုးနှံပေးခြင်းအားဖြင့် ရောဂါကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုတွေရဲ့ အကျိုးဆက်တွေကိုခံနိုင်ရည်ရှိစေဖို့ဖြစ်ပါတယ်၊အများနည်းတူ ပညာသင်ကြားခွင့်တွေရရှိစေဖို့ နောက်ဦး တည်အုပ်စုအလိုက်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုသက်ဆိုင်ရာအုပ်စုအလိုက်ထိုးနှံခြင်းဖြင့်ကာကွယ်ဆေးထိုးနှံပြီးသူအရေအတွက်တွေလွှမ်းခြုံနိုင်ဖို့ရည်ရွယ်ထားပါတယ်၊

မေး။ ကာကွယ်ဆေးထိုးစုရပ် သတ်မှတ်ထားတာနှင့်ပတ်သက်ပြီးပြောကြားပေးပါဦးရှင့်-

ဖြေ။ ကျွန်တော်တို့မြို့နယ်အ‌နေဖြင့်ကျေးရွာအုပ်စု၉၃အုပ်စု ရှိတာစုရပ်(၄၁)ခုဆောင်ရွက် ထားပါတယ်၊ ကျောင်းသား ကျောင်းသူများသွားရေးလာရေးအဆင်ပြေနိုင်မယ့်အနီးစပ်ဆုံးနေရာ  (၄၁)နေရာစီစဉ်ထားရှိပါတယ်၊ ၄၁ကနေအကယ်၍ သီးခြားထိုးချင်တယ်ဆိုရင် ကျောင်းသားကျောင်းသူ( ၁၀၀)ကျော်(၂၀၀)လောက်ရှိတယ် ဆိုရင်လည်းကွင်းဆင်း ထိုးနှံပေးနိုင်ရေးစီစဉ်ထားရှိပါတယ်။

မေး။ ကာကွယ်ဆေးထိုးဖို့ကျောင်းသား/သူစာရင်းပြုစုထားရှိမှုအခြေအနေကိုသိပါရစေရှင်-

ဖြေ။ကာကွယ်ဆေးထိုးဖို့ကျောင်းသားကျောင်းသူများစာရင်းပြုစုထားရှိပါတယ်၊ မြို့နယ်မှာ အခြေခံပညာကျောင်း (၈၇)ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းရှိကျောင်းသားကျောင်း သူပေါင်း(၉၆၁၆)ယောက်ရှိပါတယ်။

မေး။ ကျောင်းသားကျောင်းသူများကာကွယ်‌ဆေးထိုးဖို့မိဘပြည်သူများပူးပေါင်း‌ဆောင်ရွက်မှု အခြေအနေကိုသိချင်ပါတယ်ရှင့်-

ဖြေ။သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်း၊ကျောင်းအုပ်ကြီးများ၊ကျောင်းသားမိဘများအစည်းအဝေးခေါ်ယူ၍အစိုးရကလုပ်ပေးမည့်အစီအစဉ်များကိုချပြရှင်းပြခဲ့ပါတယ်၊နေရာအတော်များများကလက်ခံကြပါတယ်၊ကာကွယ်ဆေးထိုးမှုနှင့် ပတ်သတ်လို့ကျောင်းသားကျောင်းသူအတော်များများ၊ ကျောင်းသားမိဘများက လက်ခံကြပါတယ်၊ ကန့်ကွက်မှု့တော့ မတွေ့ရပါဘူး။

မေး။ အသက်၁၂နှစ်ကျောင်းသားကျောင်းသူများ ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကိုပြောကြားပေးစေလိုပါတယ်ရှင့်-

ဖြေ။ အသက်၁၂နှစ်ကျောင်းသားကျောင်းသူများကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက်အသိပညာပေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုအနေရပ်ကွက်ကျေးရွာများအတွင်းကျောင်းသား/သူ မိဘများ၊ ကျောင်းသားကျောင်းသူများ သိရှိနိုင်ရေးအသိပညာ ပေးနိုးဆော်တာတွေ၊ အသိပညာပေးပိုစတာ ချိတ်ဆွဲတာတွေအသိပညာပေး လက်ကမ်းစာစောင်ဝေတာတွေဆောင်ရွက်လျက်ရှိပါတယ်။

မေး။ ယခုထိုးပေးမယ့်ကာကွယ်ဆေးရဲ့ အမည်သိချင်ပါတယ်ရှင့်-

ဖြေ။ ထိုးပေးမယ့်ကာကွယ်ဆေးက တရုတ်နိုင်ငံထုတ် sinovac vaccine ကာကွယ်‌ဆေးဖြစ်ပါတယ်၊ တိုင်းကျန်းမာရဲ့ အစည်းအဝေးတင်ပြချက်အရယခုကာကွယ်ဆေးက ၃နှစ်အထက်ထိုးလို့ရတယ် လို့သိရပါတယ်။ မိဘများအနေနဲ့ ကျောင်းသားကျောင်းသူများ ကလေးငယ်များအပေါ်စိုးရိမ်စိတ်မဖြစ်ကြဖို့အတက်နိုင်ဆုံးဆွေးနွေးစည်းရုံးပြောကြားခဲ့ပါတယ်။

မေး။ ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကြောင့် ရရှိလာမည့် အကျိုးကျေး‌ဇူးတွေကို သိချင်ပါတယ်ရှင့်

ဖြေ။ အဓိကတော့ ကျွန်တော်တို့နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်က လူငယ်‌ကျောင်းသားများက အရေးကြီးပါတယ်။ တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ရောဂါကို ကျော်လွှားနိုင်ဖို့က ကာကွယ်ဆေးထိုးထားမှရပါမယ် ၊ခေတ်စနစ်နှင့်အညီ သင်ကြားနေရတဲ့ပညာတွေကို အလျင်မီ၊ အဆက်မပြတ်သင်ကြားနိုင်ဖို့ ကလေးတွေကို ကာကွယ်ဆေးထိုးပေးလိုက်ခြင်းဖြင့် တစ်ကမ္ဘာ လုံးဖြစ်နေတဲ့ ပြဿနာတွေကို အတတ်နိုင်ဆုံး ကူးစက်မှုတွေကို လျော့ချလိုက်နိုင်မယ်၊ ပြီးရင် ကာကွယ်ဆေး ထိုးပြီးလို့ ကူးဆက်မှုတွေမရှိတော့ရင် ပညာသင်ကြားမှုတွေ မြန်မြန်ဆန်ဆန် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

မေး။     ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောကြားပေးပါဦးရှင့်-

ဖြေ။    ကျွန်တော်တို့ကာကွယ်ဆေးထိုးလုပ်ငန်းတွေက နိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နေကြတာပါပဲ လုပ်တဲ့ အပေါ်မှာလည်း‌ နေရာအ‌နေအထား‌ပေါ်မူတည်ပြီး အခက်အခဲ‌တွေရှိ‌နေမှာပါပဲ ကျွန်တော်တို့ ဝန်ထမ်းတွေအနေနဲ့ကတော့ နိုင်ငံတော်က ပေးအပ်လိုက်တဲ့ တာဝန်ကို ကိုယ့်ဒေသအတွင်း အကျိုးရှိရှိဖြစ်အောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းပြီး ကာကွယ်ဆေးထိုး လုပ်ငန်းများကို အထိရောက်ဆုံး အမြန်ဆန်ဆုံးနဲ့ ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်၊ ကိုဗစ်ကာကွယ်ဆေးများ အောက်တိုဘာလမှ တတိယအပတ်လောက်မှာ စတင်ထိုးနှံပေးမှာဖြစ်တဲ့အတွက် ကာကွယ် ဆေးများ ဒေသကိုအချိန်မီရောက်ရှိထိုးနှံပေးနိုင်ရေး ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ကြောင်းနှင့် မိဘပြည်သူများကလည်း ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းပြောကြားလို ပါတယ်။

ဌေးဌေးလှိုင်