မိုးညို အောက်တိုဘာ ၁၁
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ၂၀၂၁-၂၀၂၂ ခုနှစ်ဆောင်း ပဲမျိုးစုံ စိုက်ဧကများတွင် နေကြာသီးနှံ သီးညှပ်စိုက်ပျိုးနိုင်ရေးအတွက် နေကြာမျိုးစေ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည
နေကြာမျိုးစေ့ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက အဖွင့်အမှာစကား ပြောကြားသည်၊ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သီတာဦးက ၂၀၂၁-၂၀၂၂ ခုနှစ် မိုးညိုမြို့နယ်၏ ဒေသဝမ်းစာဆီ ဖူလုံရေး အတွက် ဆီထွက်သီးနှံစိုက်ပျိုးရန် လျာထားချက်များအားရှင်းလင်းပြောကြားခြင်း၊ နေကြာသီးညှပ်တစ်ဧကကို ၂ ပြည်နှုန်းဖြင့် ဧက ၂၀၀ စာပေးအပ်သွားမှာဖြစ်ကြောင်း၊ နောက်ထပ် ဧက ၁၀၀ စာရရှိပါက ဆက်လက်ဖြန့်ဝေပေးသွားမှာ ဖြစ်ကြောင်း၊ ဒေသဆီ ဖူလုံရေးအတွက် ပဲမျိုးစုံ စိုက်ဧကများတွင် နေကြာသီးညှပ်စိုက်ပျိုးနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ရှင်းလင်း ပြောကြားသည်။
ထို့နောက် နေကြာမျိုးစေ့များအား ပေးအပ်ရာ တက်ရောက်လာသော မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက တောင်သူ များအား နေကြာမျိုးစေ့များကို တစ်ဧကလျှင် ၂ ပြည်နှုန်းဖြင့် လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း