ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရာဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အသိပညာပေးမှုများ စစ်ဆေးခြင်း ကြပ်မတ်ဆောင်ရွက်

ကျိုက်ဒုံ အောက်တိုဘာ ၁၁

ကရင်ပြည်နယ်ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ဆက်လက်ဖြစ်ပွားနေမှုကြောင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ကျိုက်ဒုံဒေသတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် ဒေသအတွင်း ကူးစက်ပြန့်နှံ့မှု လျော့နည်းပြတ်တောက်နိုင်စေရေး၊ ပူးပေါင်းဆောင်ရွက်နိုင်စေရန်အတွက် အရေးတကြီး မလိုအပ်ပဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်း မပြုလုပ်ရန်၊ မဖြစ်မနေ အရေးအကြောင်းကိစ္စဖြင့် ပြင်ပသို့ သွားလာရပါက ယာယီအပြင် ထွက်ခွင့် ကတ်ပြားယူဆောင်သွားရန် ပါးစပ်နှင့်နှာခေါင်းစည်း (mask) ကို စနစ်တကျ တပ်ဆင်အသုံးပြုရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် ညွှန်ကြားချက်များကို လိုက်နာမှု ရှိ၊မရှိ စစ်ဆေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများ ကြပ်မတ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)