မေတ္တာ အောက်တိုဘာ ၁၀
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့်အစီအစဉ်များကို ပြည်သူများ ကျယ်ပြန့်စွာ သိရှိပြီး ကာကွယ်ဆေးလာရောက်ထိုးနှံနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် အောက်တိုဘာလ၁၀ရက်နေ့ ညနေ၅နာရီအချိန်က လှည့်လည်နှိုးဆော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှ င့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ရပ်/ကျေးစာရေးတို့ကပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ခဲ့သည်။
မေတ္တာမြို့တွင်အသက်(၁၈)နှစ်အထက် ပြည်သူများကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ပထမအကြိမ်ထိုးနှံပေးမှာဖြစ်ပြီး အောက်တိုဘာလ(၁၁)ရက်နေ့တွင် မေတ္တာမြို့၊ အမှတ်(၂)ရပ်ကွက် မိုးလုံ လေလုံခန်းမတွင်လည်းကောင်း၊ အောက်တိုဘာလ(၁၂) ရက်နေ့တွင် မေတ္တာမြို့ တောင်သုံးလုံး ကျေးရွာ၊ (အ-ထ-က)ကျောင်းခန်းမတွင် လည်းကောင်း ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။
နန်းခလိုက်(မေတ္တာ)