ကလိန်အောင်မြို့တွင် အသက် (၁၈)နှစ်နှင့်အထက်ပြည်သူများအား (ပထမအကြိမ်)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး

ကလိန်အောင် အောက်တိုဘာ ၁

 တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်)ဆက်လက်ထိုးနှံပေးခြင်းကို ရေဖြူမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများကအောက်တိုဘာလ ၁၀ ရက်နေ့၊ နံနက်(၉)နာရီအချိန်ခန့်တွင် (က-ထ-က) ကလိန်အောင် ကျောင်းခန်းမ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

 ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူ(၂၉၅)ဦးအား မြို့နယ် ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းပေးခြင်း၊သွေးပေါင်ချိန်ပေးခြင်း၊ Oxygen တိုင်းပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးအခြေအနေအပေါ်မူတည်၍ ကာကွယ်ဆေးများထိုးနှံပေး လျက် ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကလိန်အောင်မြို့  မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် က အနီးကပ်ကြီးကြပ်ကာဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ အဖွဲ့ဝင် များကဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ကလိန်အောင် (ပြန်/ဆက်)