ကလိန်အောင် အောက်တိုဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အသက် (၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်)ဆက်လက်ထိုးနှံပေးခြင်းကို ရေဖြူမြို့နယ် ကျန်းမာ ရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်ခန့်တွင် က-ထ-က၊ကလိန်အောင် ကျောင်းခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ပြည်သူများ၏ ရင်တွင်းစကားသံများကိုဖော်ပြပေးလိုက်ရပါသည်။
ကိုကျော်လှထွေး ၊အသက် (၂၉)နှစ်ကျောက်ရှပ်ကျေးရွာ၊ကလိန်အောင်မြို့။
ကျွန်တော်ကတော့ ကိုကျော်လှထွေးပါ။အသက်ကတော့(၂၉)နှစ်ပါ။ ကျောက်ရှပ် ကျေးရွာ မှာနေပါတယ် ။ အခုမှပထမ အကြိမ် ကာကွယ် ဆေးလာထိုးတာပါ။ ရောဂါ အခံတော့ မရှိ ပါဘူး။ကျွန်တော်တို့ရွာက ကိုဗစ်ပိုး ကူးစက်တာ မရှိတော့ သလောက်ပါပဲ့။ တစ်ချို့ဆို အပြင်ထွက်ရင် Mask မတပ်ဘဲထွက် နေကြ တာလည်းရှိလာပါတယ်။ ဒါပေမဲ့ဒီကို ဗစ်ရောဂါ ပိုးက ဖြစ်လာရင် လူကြီးလူငယ်မရွေးဘူး။ပေါ့ဆရင် ခံရမှာပဲ့ ။ဒါကြောင့် ကာကွယ်ဆေး တော့ ထိုးထားသင့်ပါတယ်။
မနီလာဖြိုး၊ အသက် (၁၈)နှစ်၊ အမှတ်(၃)ရပ်ကွက်၊ကလိန်အောင်မြို့။
ညီမကတော့ မနီလာဖြိုးပါ။ အသက်က(၁၈)နှစ်ပါ။ အမှတ်(၃)ရပ်ကွက်မှာနေပါတယ်။ ညီမမှာသွေးတိုးရောဂါရှိလို့ကိုဗစ်-၁၉ ရောဂါဖြစ်မှာကြောက်ပါတယ်။ ဒါကြောင့်အပြင်သွား တိုင်းmaskတပ်ပါတယ်။ အပြင်ကပြန်လာပြီးတိုင်းလက်ဆေးပါတယ်။ လူစုလူဝေးကို ရှောင်ပြီး နေပါတယ်။ အခုလိုကာကွယ်ဆေးထိုးခွင့်ရလို့ ညီမ အရမ်းဝမ်းပါတယ်။အခုလို ကာကွယ်ဆေး ထိုးထားမယ်ဆိုရင်တော့ ပိုပြီးစိတ်ချရမယ်ထင်ပါတယ်။ ညီမက စည်းကမ်း တကျနေထိုင်ပြီး ကာကွယ်ဆေးလည်းထိုးထားပြီးပြီဆိုရင်တော့ ကိုဗစ်ကို ကြောက်စရာမလို တော့ပါဘူး ။အားလုံး ကိုကျေးဇူးတင်ပါတယ်ရှင်။
ကလိန်အောင်(ပြန်/ဆက်)