သဲကုန်း အောက်တိုဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် သတ်မှတ်ထားသော အသက်အလိုက် ဦးတည်အုပ်စု (၂၃)အုပ်စုရှိ ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို သဲကုန်းမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ်များ၌ အောက်တိုဘာ(၈)ရက်နေ့မှ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ(၅၈၇၀)ဦး လာရောက်ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးနေသည့် ဆေးထိုးစုရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရူစစ်ဆေးကာ လိုအပ်သည့် အကူအညီများ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
၄င်း ကာကွယ်ဆေးထိုးရာ နေရာ၌ လူစု၊ လူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း အသက်အရွယ်အလိုက် အုပ်စုများခွဲကာ စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရာနေရာတိုင်း၌ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်း