ပေါက်ခေါင်းမြို့နယ်တွင် သတ်မှတ်ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ(၅၃၅၀)ဦး ရှိပြီဖြစ်

ပေါက်ခေါင်း  အောက်တိုဘာ  ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်တွင် သတ်မှတ်ထားသော အသက်ဦးတည်အုပ်စုများအလိုက် ပြည်သူများ အား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ပေါက်ခေါင်း မြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ်များ၌ အောက်တိုဘာ(၈)ရက်နေ့မှ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ (၅၃၅၀)ဦး လာရောက်ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး  ထိုးနှံပေးနေသည့် ဆေးထိုးစုရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက  လှည့်လည် ကြည်ရှု့စစ်ဆေးကာ လိုအပ်သည့် အကူအညီများ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

၄င်း ကာကွယ်ဆေးထိုးရာနေရာ၌ လူစု၊ လူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း အသက်အရွယ်အလိုက်အုပ်စုများခွဲကာ စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး  ဆေးထိုးရာနေရာတိုင်း၌ ကျန်းမာရေးဝန်ထမ်းများ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။