ပလောက် အောက်တိုဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီး ဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများကို အောက်တိုဘာလ(၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ ပြည်ခြားကျေး ရွာအုပ်စု၊ ပြည်ခြားကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင် ပုလောမြို့နယ်လဝကဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) (၃၅၂)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်၆ (က) (၁၀၄)ဦး၊ လဲလှယ်(၆)ဦး၊ မိတ္တူ(၁၃)ဦး၊ စုစုပေါင်း (၄၇၅) ဦး တို့အား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)