လှိုင်းဘွဲမြို့နယ်တွင် ရှေးဦးပြုစုခြင်းအသိပညာပေးသင်တန်းဖွင့်လှစ်

လှိုင်းဘွဲ     အောက်တိုဘာ(၁၁)

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ထိခိုက်ဒါဏ်ရာရ ရှေးဦးပြုစုခြင်း( Trauma First Aid Training) ကို ယမန်နေ့က လှိုင်းဘွဲမြို့နယ်ကြက်ခြေနီအသင်း ရုံးခွဲရုံး၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းတွင် လှိုင်းဘွဲမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းဇော်၊ ဒုတပ်ဖွဲ့မှူးဒေါ်အိအိဖြူတို့က သင်တန်းသူ/သား (၂၂)ဦးဖြင့် ကြက်ခြေနီ အကြောင်းသိကောင်းစရာများ၊ ရှေးဦးပြုစုခြင်း အခြေခံ သဘောတရားများ၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ အခြေခံ အသက်ကယ်အထောက်အကူပြု နည်းများ၊ ကိုဗစ်-၁၉ရောဂါနှင့်ဆက်စပ်သော ရှေးဦးပြုစုခြင်း၊ MRE မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ အရိုး ကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့်ရိုးဆက် ဒါဏ်ရာပတ်တီးစည်းနည်းနှင့် ရှေးဦးပြုစုမည့်သူ လိုက်နာ ရမည့်အချက်များ စသည့် ဘာသာရပ် များကို (၃)ရက်ကြာသင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)