ဆိပ်ဖြူမြို့နယ်အတွင်း အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက်မှုနှင့် ပတ်သက်ပြီး မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်း

ဆိပ်ဖြူ   အောက်တိုဘာ   ၁၀

ဆိပ်ဖြူမြို့နယ်အတွင်း အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက်မှုနှင့်ပတ်သက်ပြီး မြို့နယ် ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်-

မေး။    မင်္ဂလာပါ။ ဆရာကြီး အမည်နဲ့ ဆိပ်ဖြူမြို့နယ်မှာ တာဝန်ယူရတဲ့ အပိုင်းလေးတွေကို သိပါရစေ ခင်ဗျာ။

ဖြေ။     ကျွန်တော့်အမည်က ဦးမြင့်ဦး ပါခင်ဗျ။ ဆိပ်ဖြူမြို့နယ်မှာ မြို့နယ်ပညာရေးမှူး တာဝန်အဖြစ် ၂၀၂၁ ခုနှစ်၊ ဇွန် လဆန်းမှစပြီး တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

မေး။    ဆိပ်ဖြူမြို့နယ်အနေနဲ့အသက်၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးဖို့ ပညာရေးဌာနအနေနဲ့ ကြိုတင်ပြင်ဆင်ထားမှု အခြေအနေ တွေကို သိပါရစေ။

ဖြေ။     ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ လမ်းညွှန်ကတည်းက တိုင်းဒေသကြီးအစိုးရက -၁၀-၂၀၂၁ ရက်နေ့ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာနနဲ့ လူ/ကယ်ပြန်ဌာနတို့ကိုခေါ်ပြီး အစည်းအဝေးလုပ်တယ်။ အစည်းအဝေး လုပ်တော့ အသက် (၁၂)အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရမယ်လို့ လမ်းညွှန်ကတည်းကစပြီး ကျွန်တော်တို့က မြို့နယ်အ တွင်းမှာရှိတဲ့ အခြေခံပညာမူလတန်း (လွန်)ကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)၊အခြေခံပညာအလယ်တန်း ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အခြေခံပညာ အထက်တန်းကျောင်း အဲဒီကျောင်းတွေမှာရှိတဲ့ အလယ်တန်းကျောင်း Grade-6 ပေါ့၊ အလယ်တန်းအဆင့်ကနေ ပြီးတော့ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတွေရဲ့ စာရင်းကို မွေးသက္ကရာဇ်နှင့်တကွ အဖေ၊ အမေရဲ့နာမည်နဲ့ နောက်တခါ သူ့ရဲ့ဖုန်းနံပါတ်၊ ဆက်သွယ်ရန်နေရပ်လိပ်စာတွေကို တောင်းပြီးတော့မှ ကျွန်တော်တို့က အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ရွေးထုတ်လိုက်ပါတယ်။ များသောအားဖြင့် Grade-6 မှာတော့ အသက်(၁၂)မပြည့်တဲ့ ကျောင်းသား၊ ကျောင်းသူက အနည်းငယ်ရှိတာပေါ့။ ကျန်တဲ့ Grade-7 ကစပြီးတော့ အထက် တန်းကျောင်းသား၊ ကျောင်းသူတွေက (၁၂)နှစ် ပြည့်တာ များပါတယ်။ အဲဒီလိုတောင်းပြီးတော့ စာရင်းများ ပြုစုထားတာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံရင် အဆင်သင့် ဖြစ်အောင်လို့ပေါ့။

မေး။    ကျွန်တော်တို့ ဆိပ်ဖြူမြို့နယ်အနေနဲ့ အသက်(၁၂)အထက် ကျောင်းသား၊ကျောင်းသူ ဦးရေကိုလည်း သိပါရစေ။

ဖြေ။     ကျွန်တော်တို့ အဲလို စာရင်းတွေခေါ်ပြီးတော့ ပြုစုလိုက်တဲ့အခါမှာ စုစုပေါင်း (၃၄၂၆)ဦး ရှိပါတယ်။ အသက် (၁၂)နှစ်အထက် ပေါ့။

မေး။    ကျွန်တော်တို့ ဆိပ်ဖြူမြို့နယ်အနေနဲ့ ကာကွယ်ဆေးထိုးနှံပေးသွားမည့် နေရာတွေကို လည်း ထပ်မံသိပါရစေ။

ဖြေ။     ကျွန်တော်တို့ ကာကွယ်ဆေးထိုးပေးမည့် ဇုန်တွေကို ()ခု သတ်မှတ်ထားပါတယ်။ ()ခု သတ်မှတ် ထားတဲ့အခါမှာ အထက-ဆိပ်ဖြူ၊ အထက-ကဇွန်းမ၊ အထက-အောက်ဆိပ်၊ အထက-လက်ဆည်၊ အထက- အင်းဂံ ဆိုပြီးတော့ ကျွန်တော်တို့ သတ်မှတ်ထားပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ အထက-ထိန်ကန်တို့ ဆိုတာက အားလုံးနဲ့ဝေးနေတော့ အထက-အောက်ဆိပ် တို့က လူဦးရေနည်းတဲ့အတွက် အထက-အောက်ဆိပ် ပြီးတဲ့အခါ အထက-ထိန်ကန်တို့ကို ကူးပြောင်းပြီးတော့ Mobile လုပ်ပြီးတော့ ထိုးပေးမယ်လို့ ရည်ရွယ်ထား ပါတယ်ခင်ဗျ။ အဓိက ကတော့ ဇုန်()ခုအနေနဲ့ ဆေးထိုးပေးဖို့ရာ သတ်မှတ်ထားပါတယ်။

မေး။    ဆရာကြီးအနေနဲ့ အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံ တာနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောပေးချင်တာရှိရင် ထပ်မံပြောကြား ပေးစေလိုပါတယ်။

ဖြေ။     နိုင်ငံတော်ကနေပြီးတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကျောင်းသား၊ ကျောင်းသူတွေကို ထိုးပေးပါလို့ လမ်းညွှန်လာတယ်။ လမ်းညွှန်လာတဲ့အခါမှာ ပညာသင်နှစ် အခွင့်အလမ်း()နှစ် မဆုံးရှုံးရအောင် ဗီနိုင်းတွေထဲမှာ ပါတဲ့အတိုင်းပဲ ဖြစ်ပါတယ်။ ကလေးတွေအတွက် ရည်ရွယ်ချက်ကတော့ ပညာသင်နှစ်()နှစ် နောက်ကျမှာ ကြောက်တယ်။ နောင်တစ်ချိန်မှာ ကျွန်တော်တို့ရဲ့တာဝန်၊ နိုင်ငံတော်ရဲ့တာဝန်တွေကို ပုခုံးပြောင်း တာဝန်ယူ ထမ်းဆောင်ကြမည့် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူတွေ နိုင်ငံ့ရတနာလေးတွေဟာ ပညာသင်ခွင့်မဆုံးရှုံးပဲနဲ့ ကျန်းကျန်းမာမာနဲ့ လုံခြုံစိတ်ချ ပြီးတော့ ပတ်ဝန်းကျင် ကောင်းမှာ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ပြီးတော့ ဉာဏ်ရည်ထက်မြက်တဲ့ ကျန်းမာတဲ့ ပျော်ရွှင်တဲ့ ကလေးတွေဖြစ်ဖို့ ရည်ရွယ်ပါတယ်။ နိုင်ငံတော်ရဲ့ရည်ရွယ်ချက်က ဒီအတိုင်းရှိပါတယ်။ ဒါကြောင့်မိုလို့ တစ်ခြားတစ်ခြား အိမ်နီးချင်း နိုင်ငံတွေမှာလည်း ဒီလိုပဲ ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေး ထိုးပေးနေတဲ့ နိုင်ငံတွေရှိပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ စင်ကာပူနိုင်ငံတွေမှာလည်း ကျွန်တော်တို့အရင် ထိုးပေးပြီးနေပါပြီ။ ဒါကြောင့်မိုလို့ မြန်မာနိုင်ငံမှာရှိနေကြတဲ့ ကျောင်းသား၊ ကျောင်းသူ တွေလည်း ကာကွယ်ဆေးထိုးပြီးတော့ အမြန်ဆုံး ကျောင်းတက်နိုင်ကြဖို့ ရည်ရွယ်ပါတယ်။ အဲဒီလို ရည်ရွယ်တဲ့အတွက် မိဘရော၊ ကလေးရော စိတ်ပါလက်ပါနဲ့ ကာကွယ်ဆေးထိုးကြဖို့ အကြံ ပြုပါတယ်။ တိုက်တွန်းပါ တယ်။

 ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာ။

 

မေးမြန်းသူ- မျိုးမြင့်အောင်