ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံ

ကွမ်းလုံ အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ယနေ့နံနက် နာရီခွဲ အချိန်မှစ၍  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံခြင်းကို ကိုးကန့် ယဉ်ကျေးမှု ခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

ကွမ်းလုံမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အလေးထား ဆောင်ရွက် ပေးလျက်ရှိရာ  ကိုးကန့်ယဉ်ကျေးမှုခန်းမ၌ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်()ဦး၊ နိုင်ငံ့ဝန်ထမ်း(၁၁)ဦး၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ ဝန်ထမ်း(၇၆)ဦး၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူ()ဦး၊ အခြားဝင်ငွေရရှိသော အုပ်စုဝင်(၁၄၀)ဦး၊ မှီခိုသူ(၇၁)ဦး၊ စုစုပေါင်း (၃၁၀)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။

ဆေးထိုးရန် ရောက်ရှိလာသူများအား အပူချိန်တိုင်းတာခြင်း၊ နေရာစီစဉ်ပေးခြင်း၊ စာရင်းစစ်ဆေးပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ဆေးထိုးနှံခြင်းတို့ကို မြို့နယ်ကိုဗစ်-၁၉ကော်မတီ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ လူမှုကူညီရေး အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးမမ (ကွမ်းလုံ)