မြိုင် အောက်တိုဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား စတုတ္ထအသုတ် ပထမအကြိမ်အဖြစ် Covid-19 ရောဂါ ကာကွယ်ဆေးကို မြိုင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်က စတင်၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ထိုးနှံပေးရာတွင် မြိုင်မြို့ အ.ထ.က(၁)စာသင်ကျောင်းတွင် မြို့ပေါ်အမှတ်(၁၊၂၊၃)ရပ်ကွက်သက္ကယ်ကန်၊ အင်းရောင်း၊ မင်းသားကျ၊ ကန်နီ၊ ပေါက်ပြင်း၊ ထန်းဘုန်းတော၊ အိုးဘို၊ ဂွေးပင်လယ်၊ ထန်းဘူးတော၊ ချိုင်ဇောက်၊ အလယ်ကန်၊ ကွမ်းတော၊ ကျေးရွာအုပ်စုများမှ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ ပေးသွား မည်ဖြစ်ပြီး Covid-19ရောဂါ ကြိုတင်ကာကွယ် ရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးလာရောက်ထိုးနှံသူများကိုကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့များ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ များရှိတာဝန်ရှိသူများက ကာကွယ်ဆေးထိုးစုရပ်များတွင် လိုက်ပါဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
သူရ(ပုံတောင်)