ပွင့်ဖြူမြို့နယ်အတွင်း အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ အသက်(၁၂)အထက် ကျောင်းသား ကျောင်းသူများ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေးအတွက် ကာကွယ်ဆေးထိုးနှံ ပေးမည့်အစီအစဉ် ပတ်သက်ပြီး မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရ

ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းရဲ့စီမံချက်ကိုရေးဆွဲရတဲ့ အဓိကရည်ရွယ်ချက်တွေက ကျောင်းသူကျောင်းသားတွေ ပညာသင်ယူဖို့ အခွင့်အလမ်းတွေ ရရှိစေဖို့ရယ် ၊ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးရတဲ့ သေဆုံးမှုတွေ လျှော့ချနိုင်စေဖို့ အတွက်ရယ် ကျောင်းသူကျောင်းသားတွေကတစ်ဆင့် မိသားစုတွေနဲ့ တစ်ခြား ပြည်သူတွေကို ရောဂါကူးစက်ပြန့်ပွားမှုတွေ ထိထိ ရောက်ရောက် တားဆီးကာကွယ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်လို့ အင်မတန်ကောင်းမွန်တဲ့ လုပ်ငန်းဖြစ်ပါတယ် အသက်(၁၂)အထက် ကျောင်းသူကျောင်းသားများအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကို မပျက်မကွက် လာရောက်ထိုးနှံ ပေးကြပါလို့ အကြံပြုတိုက်တွန်း ပြောကြားချင်ပါတယ်…….။

                                         

ပွင့်ဖြူ  အောက်တိုဘာ  ၁၀

 

မေး ။            ။ ပွင့်ဖြူမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူ တွေကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးဖို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို  သိပါရစေရှင့်။


ဖြေ။             ။ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာရှိတဲ့ အခြေခံပညာအလယ်တန်းနဲ့ အထက်တန်း ကျောင်းတွေက အသက်(၁၂)အထက်ရှိ ကျောင်းသားကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့ရာ အတွက် အထက်အဆင့်ဆင့်ရဲ့ ညွှန်ကြားချက်နဲ့အညီ စနစ်တကျ ထိုးနှံနိုင်ရေးအတွက် မြို့နယ် ကြီးကြပ်ရေးအဖွဲ့ကိုလည်း ကြိုတင်ဖွဲ့စည်းဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ အဲဒီလို မြို့နယ် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ရာမှာလည်း ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အခက်အခဲမရှိ ထိုးနှံ ပေးနိုင်ရေးအတွက် ဆေးထိုးစုရပ်ကျောင်းတွေ ရွေးချယ်ခြင်းနဲ့ ဆေးထိုးနှံမည့်ကျန်းမာရေးဝန်ထမ်းတွေကို အဖွဲ့ခွဲပြီး တာဝန် ပေးထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးဖို့အတွက် မြို့နယ်စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့တွေကိုလည်း စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်ဗျ။


မေး။             ။ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများကို ကာကွယ်ဆေးထိုးနှံနိုင်ဖို့ အတွက် အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ထားမှုနဲ့ ပတ်သက်ပြီးတော့ သိပါရစေရှင့် ။


ဖြေ။             ။ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူတွေ သက်ဆိုင်ရာဆေးထိုးစုရပ်တွေမှာ ကာကွယ်ဆေး သွားရောက်ထိုးနှံကြဖို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအနေနဲ့ကတော့ ကျောင်းသားကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးသွားဖို့ သတင်းရရှိပြီဆိုကတည်းက မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို မိမိတို့ နယ်မြေအလိုက် အခြေခံပညာအလယ်တန်းနဲ့ အထက်တန်းအဆင့် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံကြဖို့ အတွက် ကြိုတင်အသိပေးနှိုးဆော်သွားရန် အကြောင်းကြားထားပြီးဖြစ်ပါတယ်။ နောက် မြို့နယ် ပညာရေးမှူးရုံးကလည်း သက်ဆိုင်ရာကျောင်းတွေက ကျောင်းအုပ်ဆရာ /ဆရာမများမှ တစ်ဆင့် တပည့်တွေကို ကာကွယ်ဆေး ထိုးနှံကြဖို့အတွက် အသိပေးသွားဖို့ မှာကြားထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ ဦးဆောင်မှုနဲ့ ဌာနဆိုင်ရာ ပညာပေးပူးပေါင်းအဖွဲ့ကလည်း ရပ်ကွက်/ကျေးရွာတွေအရောက် အသံချဲ့စက်ယာဉ်တွေနဲ့ လိုက်လံအသိပေးနှိုးဆော်ဆောင်ရွက်ထားပါတယ်…။


မေး။             ။ တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံပေးမည့် အသက်(၁၂)အထက် ကျောင်းသား ကျောင်းသူဦးရေစာရင်းနဲ့ ဆေးထိုးစုရပ်နေရာတွေ စီစဉ်ဆောင်ရွက်ထားမှုကိုလည်း သိပါရစေရှင့် ။


ဖြေ။             ။ ဟုတ်ကဲ့ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံပေးမည့် အသက်(၁၂)အထက် ကျောင်းသားကျောင်းသူဦးရေစာရင်းအနေနဲ့ အထက်တန်းအဆင့်မှာ ကျောင်းသား ကျောင်းသူ ၁၅၁၄ ဦး ၊ အလယ်တန်း အဆင့်မှာ ကျောင်းသားကျောင်းသူ ၃၈၆၁ ဦး ၊ စုစုပေါင်း ကျောင်းသားကျောင်းသူ ၅၃၇၅ ဦး ဖြစ်ပါတယ်။ ဒီထဲမှာ ကိုယ်ပိုင် အထက်တန်းကျောင်း(၁)ကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေလည်း ပါဝင်တာဖြစ်ပါတယ်။ ဆေးထိုးစုရပ် အနေနဲ့ကတော့ သက်ဆိုင်ရာကျောင်းအုပ်တွေနဲ့ ညှိနှိုင်းပြီးတော့ ကျောင်းသားကျောင်းသူတွေ သွားလာရေအဆင်ပြေမယ့် ကျောင်း(၇)ကျောင်းမှာ ထိုးနှံဖို့အတွက် စီစဉ်ဆောင်ရွက်ထားပါတယ်။


မေး။             ။ ကျောင်းသားကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးရာမှာ အရေးပေါ်အခြေအနေ ဖြစ်လာခဲ့ရင် ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်အောင် ဘယ်လိုတွေစီစဉ်ဆောင်ရွက်ထားလဲဆိုတာ လည်း သိပါရစေရှင့် ။


ဖြေ။             ။ ကျောင်းသားကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးရမှာ အရေးပေါ်အခြေအနေ ဖြစ်လာခဲ့ရင်လည်း လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်အောင် သက်ဆိုင်ရာ ဆေးထိုးစုရပ်(၇)နေရာမှာ ကျန်းမာရေးဝန်ထမ်းတွေကို စီစဉ်ဆောင်ရွက်ထားပါတယ်။ မြို့နယ်ဆေးရုံအထိ ကုသဆောင်ရွက်ရမည့်အခြေအနေဖြစ်လာမယ်ဆိုရင်လည်း  ဆေးထိုးစုရပ် တစ်ခုချင်းစီမှာ  စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတွေနဲ့ ကျန်းမာရေးမော်တော်ယာဉ်တွေကို စီစဉ်ထားရှိပေးသွားမှာ ဖြစ်ပါတယ်။

မေး။             ။ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံဖို့အတွက် ဆေးအလုံးရေ လျားထားမှုအခြေအနေနှင့် ဆေးထိုးပေးမည့်နေ့ရက်တွေကို ဘယ်လိုစီစဉ်ဆောင်ရွက်ထား လဲဆိုတာလည်း သိပါရစေရှင့်။

ဖြေ။             ။ ကျောင်းသားကျောင်းသူတွေ ကာကွယ်ဆေးထိုးနှံဖို့အတွက် ဆေးအလုံးရေကတော့ ယခု ပညာသင်နှစ်မှာ ကျောင်းအပ်နှံခဲ့တဲ့ စာရင်းအရေအတွက်တိုင်းပဲ ခွဲဝေချထားပေးသွားမယ်လို့ အကြမ်းဖျင်း သိထားပါတယ်။ ဆေးထိုးနှံမည့် နေ့ရက်ကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စီမံချက်အရ (၁၆.၁၀.၂၀၂၁) ရက်နေ့စပြီးတော့ ထိုးနှံပေးသွားမယ်လို့ သိရှိရပါ တယ်ခင်ဗျ ။

အကြံပြုချက်။           ။ ကာကွယ်ဆေးထိုးနှံခြင်းရဲ့ အဓိကစီမံချက်လုပ်ငန်း ရည်ရွယ်ချက်တွေက ကျောင်းသူ ကျောင်းသားတွေ  ပညာသင်ယူဖို့ အခွင့်အလမ်းတွေ ရရှိစေဖို့ရယ် ၊ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးရတဲ့ သေဆုံးမှုတွေ လျှော့ချနိုင် စေဖို့အတွက်ရယ် ကျောင်းသူကျောင်းသား တွေကတစ်ဆင့် မိသားစုတွေနဲ့ တစ်ခြား ပြည်သူတွေကို ရောဂါကူးစက်ပြန့်ပွားမှုတွေ ထိထိရောက်ရောက် တားဆီးကာကွယ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်လို့ အင်မတန်ကောင်းမွန်တဲ့ လုပ်ငန်းဖြစ်ပါ တယ် ။ ဒါ့ကြောင့် အသက်(၁၂)အထက် ကျောင်းသူကျောင်းသားများအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကို မပျက်မကွက် လာရောက်ထိုးနှံ ပေးကြပါလို့ အကြံပြုတိုက်တွန်း ပြောကြားချင်ပါတယ်…….။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ။    


တွေ့ဆုံမေးမြန်း - ခင်ဝါဝါလှိုင်

သတင်းဓာတ်ပုံ - ရဲဝင်းနိုင် ( ညောင်ဦး )