အိမ်မဲ အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကန်ကြီးဒေါင့်ကျေးရွာရှိ တောင်သူ ဦးနိုင်နိုင်ထွန်း၏ လယ်မြေ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးစီး ကျင်းပသော ဓာတ်မြေသြဇာနှင့်သဘာဝမြေသြဇာ အချိုးကျရောစပ်ပြီး စုပေါင်း ကြဲပက် ခြင်း ကွင်းသရုပ်ပြပွဲကို အောက်တိုဘာလ (၁၀)ရက်နံနက် ၉ နာရီအချိန်က ကျင်းပ ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဦး က ဓာတ်မြေ သြဇာနှင့် သဘာဝမြေသြဇာအချိုးကျရောစပ် ပုံနှင့်၎င်းတို့ကို သုံးစွဲခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဓာတ်မြေသြဇာနှင့်သဘာဝမြေသြဇာအချိုးကျရောစပ်ပြီး မျိုးစေ့ထုတ်စိုက်ခင်းတွင် စုပေါင်းကြဲပက်ခဲ့ကြပြီး အဆိုပါ အခမ်းအနားသို့ အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် ဌာနဆိုင်ရာအကြီး အကဲများ၊ တောင်သူများတက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
“ရိုးရိုးဓာတ်မြေသြဇာကို လယ်ထဲကိုကြဲပက်မယ်ဆိုရင် ဆုံးရှုံးမှုတွေက အရမ်းများတယ်၊ နည်းလမ်း(၄)သွယ်နဲ့ ဆုံးရှုံးနေပါ တယ်။စီးရေနဲ့မျောပါမယ်၊အငွေ့ပြန်ပြီးဆုံးရှုံးမယ်၊အပင်ရဲ့အမြစ်နဲ့ဝေးရာကိုစီးဆင်းပြီး ဆုံးရှုံးမယ် အဲ့လိုဆုံးရှုံးမှုတွေများတဲ့အတွက် သဘာဝမြေသြဇာနဲ့အချိုးကျရောစပ်ပြီးသုံးမယ်။အဲ့အချိုးကဘယ်လိုလည်းဆိုတော့သဘာဝမြေသြဇာသုံးအိတ်၊ယူရီးယားကတစ်အိတ် သုံးချိုးတစ်ချိုးပေါ့ အဲ့လိုသုံးမယ်ဆိုရင်အပင်ကပြည့် ပြည့်ဝဝစားသုံးနိုင်မယ် တစ်ရာဖိုးကျွေးရင်တစ်ရာဖိုး စားသုံးနိုင်မယ်၊ တကယ်လို့ ယူရီးယားချည်းပဲကျွေးလိုက် မယ်ဆိုရင် တစ်ရာဖိုးကျွေးလို့တစ်ရာဖိုးမရဘူး၊အနည်းဆုံး နှစ်ဆယ်ရာခိုင်နှုန်း လောက်ပဲအပင်ကစားသုံးနိုင် တယ်ရှစ်ဆယ် ရာခိုင်နှုန်းလောက်က ပျောက်ဆုံးခြင်းမျိုးစုံနဲ့ ပျောက်ဆုံးနေတယ်။ တောင်သူ တွေအနေနဲ့ ဓာတ်မြေသြဇာတွေစျေးတက်နေတဲ့အချိန်မှာ သဘာဝမြေသြဇာနဲ့စပ်ပြီး တောသုံး ခြင်းအားဖြင့်အပင်ကပြည့် ပြည့်ဝဝစားသုံးနိုင်မှာဖြစ်တယ်လို” မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးဒေါ်သန္တာဆွေကပြောသည်။
“လက်ရှိမြေသြဇာစျေးနှုန်းက မြင့်တက်နေတဲ့အခါ မြေဆွေးလေးတွေနဲ့ အသုံးပြုလိုက်ခြင်း အားဖြင့် သဘာဝမြေ သြဇာကို လျှော့ပြီးတော့သုံးလို့ရတယ် ပေါ့မြေဆွေးသုံးဆနဲ့ ဓာတ်မြေ သြဇာ တစ်ဆရောပြီးသုံး လို့ရတယ်ပေါ့အဲ့အတွက်တောင်သူမှာလည်း အကုန်အကျသက်သာ တယ်၊ရရှိတဲ့ အကျိုးကျေးဇူးကြတော့လည်း သဘာဝမြေသြဇာနဲ့ ရောတဲ့အတွက် စိုက်ခင်း တွေမှာလည်း အဟာရဓာတ်ကကြာရှည်ရေရှည်ခံတယ်ပေါ့၊ ဓာတ်မြေသြဇာဒါရိုက်ကျွေး မယ် ဆိုရင် ရက်ပိုင်းလောက်နဲ့ အာနိသင်ကုန်သွား တယ်မြေဆွေးနဲ့ကျွေးလိုက်တဲ့အတွက် တစ်ဆယ့် လေးရက် ၊ တစ်ဆယ့်ငါးရက်တစ်စိမ့်စိမ့်နဲ့ အပင်တွေကစားသုံးလိုရကြောင်း'' ကန်ကြီးဒေါင့် ကျေးရွာမှ တောင်သူ ဦးနိုင်နိုင်ထွန်းကပြောသည်။
ချစ်သက်လယ်