ချောင်းသာ အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာဟိုတယ်ဇုန်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက စတင်၍ RDT- Test ဖြင့် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ချောင်းသာဟို တယ်ဇုန်ရှိ ဟိုတယ်(၁၈)ခု နှင့် တည်ခိုးခန်း(၁)တို့မှ လူဦးရေ စုစုပေါင်း (၆၀၁) ဦးကို စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ ရှိခဲ့ကြောင်း တိုက်နယ်ကျန်းမာ ရေးဌာနမှူး ဦးထွန်းအောင်ကိုထံမှ သိရသည်။
အဆိုပါ စစ်ဆေးခြင်းကို မြို့ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များက ပူးပေါင်းပါဝင် ဆောင် ရွက်ခဲ့ကြောင်း သိရှိရပြီး ကျန်ရှိနေသော ဟိုတယ်များအား ဆက်လက် စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။
ချောင်းသာ(ပြန်/ဆက်)