ပွင့်ဖြူမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး

ပွင့်ဖြူ အောက်တိုဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသော အသက်(၁၈)နှစ်အထက် ပြည်သူများကို ယနေ့နံနက် နာရီက ဆေးထိုးစုရပ် ()နေရာခွဲ၍  စတင်ထိုးနှံပေးနေကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ဒီကနေ့ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးတဲ့  အသက်(၁၈)နှစ်အထက် ပြည်သူတွေကို ပထမအကြိမ်အဖြစ် စတင်ထိုးနှံ ပေးနေတာ ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကိုတော့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုနဲ့ ဆေးထိုးစုရပ်()နေရာဖြစ်တဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကုန်းဇောင်းကျေးရွာ(..က) လယ်ကိုင်းကျေးရွာ(..က) မဲဇလီကျေးရွာ (..က)ကျောင်း တို့မှာ နံနက် နာရီကမှ မွန်းတည့် ၁၂ နာရီအချိန်အထိ၊ မွန်းလွဲ နာရီမှ ညနေ နာရီအထိ ထိုးနှံပေးတာဖြစ်ပြီး ဒီနေ့နဲ့ မနက်ဖြန် ()ရက် ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ဆေးထိုးစုရပ်အလိုက် ကာကွယ်ဆေးထိုး လာရောက်ထိုးနှံကြတဲ့ ပြည်သူတွေ အခက်အခဲမရှိ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက်ကိုလည်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးတာ ဖြစ်ပါတယ်ဟု ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာမိုးသစ်ထွန်း က ပြောသည်။

အဆိုပါ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှု အခြေအနေအား ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လာရောက် ကြည့်ရှုအားပေးပြီး ပြည်သူများ စိတ်အေးချမ်းသာစွာ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရေးအတွက် သတ်မှတ်ဆေးထိုးအကြိမ်ရေ ပြည့်မီအောင် မပျက်မကွက် လာရောက်ထိုးနှံကြဖို့ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)