လက်ပံတန်း အောက်တိုဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ် ဆေးများအား စဥ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာအသက် ၁၈ နှစ်အထက်ပြည်သူ များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို မြို့နယ်၂လမ်းခန်းမနှင့် သတ်မှတ်ဆေးထိုးစုရပ်များတွင် ယနေ့နံနက် ၉ နာရီအချိန်ကစတင်ပြီး ဒုတိယနေ့ အဖြစ်ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက လိုအပ်သည်များအား ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ယခုထိုးနှံ ပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦး ထိုးနှံ ပေးနိုင်ကြောင်း သိရသည်။လက်ပံတန်းမြို့နယ်အတွက် ဆေးလုံးရေ (၁၇၁၀)လုံးရရှိ ခဲ့ပြီး ယမန်နေ့အထိ ဆေးလုံးရေ(၂၆၃)လုံးဖြင့် ပြည်သူ(၁၃၁၅) ဦးအားထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)