မောတောင်မြို့တွင် အသက်(၁၈)နှစ်အထက် ဦးတည်အုပ်စုများမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရန် ကျန်ရှိသူများအား (ပထမ)အကြိမ်နှင့်(ဒုတိယ)အကြိမ်ထိုးနှံပေး

တနင်္သာရီ အောက်တိုဘာလ ၁၀

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မောတောင်မြို့-ရပ်ကွက်နှင့်ကျေးရွာများ အတွင်းမှ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စု(၂၆)ခုမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ရန်ကျန်ရှိသူများအား ယမန်နေ့က မောတောင်မြို့-အထက(ခွဲ)ကျောင်းအတွင်း (ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကိုဗစ်-၁၉ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ (၁၆) ကုတင်ဆံ့၊ မောတောင်တိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာသီဟအောင်မှကြီးကြပ်၍ ကျန်းမာရေး ဌာနဆရာမများက စတင်ထိုးနှံပေးကြောင်း သိရှိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှ ဝန်ထမ်းများ၊ အခြားဝင်ငွေရှိသောလုပ်ငန်းလုပ်ကိုင်သူများ၊ စားသောက်ကုန်ပစ္စည်းရောင်းချသူများ၊ ဈေးဆိုင်/ စားသောက်ဆိုင်/ လက္ဘရည်ဆိုင်များမှ ဝန်ထမ်းများ၊ မှီခိုသူများ စသည့်ဦးတည်အုပ်စုများမှ အမျိုးသား(၁၇၅)ဦး၊ အမျိုးသမီး(၁၆၅)ဦးပေါင်း(၃၄၀)ဦးတို့ကို (ပထမ)အကြိမ်အဖြစ် လည်းကောင်း၊ အလားတူ ၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၂ရက်မှ၆ရက်) အတွင်းက (ပထမ)အကြိမ် ထိုးနှံပြီးသူ များအနက် အမျိုးသား(၄)ဦးနှင့်အမျိုးသမီး(၆)ဦး ပေါင်း(၁၀)ဦးကို လည်းကောင်း၊ စုစုပေါင်း (၃၅၀)ဦးအား ကိုဗစ်-၁၉လမ်းညွှန်ချက်များနှင့်အညီ အောင်မြင်စွာ ထိုးနှံပေး နိုင်ခဲ့ကြောင်း သိရှိ ရသည်။

၎င်းကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းအား မောတောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မောတောင်နယ်စပ် ရဲစခန်းမှူး ရဲအုပ် မင်းနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့မရပ်ကွက်နှင့်အမှတ်(၁)ရပ်ကွက်တို့မှ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် မောတောင်မြို့ပရဟိတလူငယ်များက ပူးပေါင်းကူညီမှုဖြင့် အောင်မြင်စွာ ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)