‌ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် (၂)လုံးကြိုတင်ပြောင်းရွေ့

ညောင်တုန်း အောက်တိုဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာတွင် ပန်းလှိုင် မြစ်ရေတိုက်စားမှု‌ကြောင့် ယမန်နေ့ ညနေပိုင်းက ကမ်းခြေမှ အလျား(၅၀)ပေ၊ အနံ(၃၀)ပေခန့် မြစ်ကမ်းပါးပြိုကျခဲ့သည်။

အဆိုပါမြစ်ကမ်းပါးပြိုကျမှုကြောင့်  မြစ်ကမ်းအနီးရှိ လူနေအိမ်(၂)လုံး ကြိုတင်ပြောင်း‌ရွေ့ခဲ့ရပြီး လူနှင့် တိရစ္ဆာန်များထိခိုက်ပျက်စီးမှုမရှ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)