ပလောက် အောက်တိုဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်ခရိုင်၊ ပလောက်မြို့၊ပြည်ခြားကျေးရွာအုပ်စုအတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန်အတွက် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်)ဆက်လက်ထိုးနှံပေးခြင်းကို ပလောက်မြို့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ က ယနေ့ နံနက်(၉)နာရီ အချိန်ခန့်တွင် ပြည်ခြားကျေးရွာ၊ ခရစ်ယာန်ဘုရားကျောင်း၌ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား မြို့ကျန်းမာရေး ဝန်ထမ်းများက အပူချိန်တိုင်းပေးခြင်း၊သွေးပေါင်ချိန်ပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးပြီးကျန်းမာရေး အခြေအနေအပေါ်မူတည်၍ ကာကွယ်ဆေးများထိုးနှံပေး လျက် ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးသည့်နေရာသို့ပုလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့်ပရဟိတ အဖွဲ့ဝင်များက ဝိုင်းဝန်း ကူညီ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
နှင်းမြူလွင်(ပလောက်)