ပုလော အောက်တိုဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ထမင်းမစား ကျေးရွာအုပ်စု အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ် ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသူ အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်)ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်ခန့်တွင် ထမင်းမစားကျေးရွာ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများကို မြို့နယ် ကျန်းမာရေး ဝန်ထမ်း များက အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းတို့ကို ပြုလုပ် ဆောင်ရွက်ပေးပြီး ကျန်းမာရေး အခြေအနေအပေါ်မူတည်၍ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တာ၀န်ရှိသူများက သွားရောက် ၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ယနေ့ နံနက်ပိုင်း၌ မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက ပုလောမြို့နယ် ရှမ်းဒွတ်ကျေးရွာ၌ လည်းကောင်း၊ ပုလောကုန်းကျေးရွာ၌ လည်းကောင်း ကိုဗစ်ရောဂါ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိနေသေးသူများကို ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးများ (ပထမအကြိမ်) ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အေးအေးမော် (ပုလော)