သရက်မြို့၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ် စတင် ထိုးနှံပေး

သရက်  အောက်တိုဘာ  ၁၀

         

မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ် စတင်ထိုးနှံပေးခြင်းလုပ်ငန်းများကို ရွှေသက်လွတ်ဘုရား ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌  ယနေ့ နံနက် (၉) နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်း များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သရက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ဆရာတော် သံဃာတော်များနှင့် ပြည်သူ များအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယ အသုတ်၊ ပထမအကြိမ် ဆေးထိုးနှံရန် ကာကွယ်ဆေး (၃၅၀၀)လုံး ထပ်မံရရှိခဲ့၍ စုစုပေါင်းလူဦးရေ(၁၇၅၀၀)ဦးအား  ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို  နေ့စဉ် နံနက် ၉ နာရီမှ ၁၂ နာရီနှင့် နေ့လည် ၁ နာရီမှ ညနေ ၃ နာရီအထိ  ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး  မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ ကာကွယ်ဆေးထိုးရန် သတ်မှတ်စုရပ်နေရာ (၆) ခုဖြစ်သော ရွှေသက်လွတ်ဘုရားဝန်းရှိ သာသနာ့ဗိမာန်တော်၊ တေဇခန်းမ၊ ထုံးတောင်ကျေးရွာ၊ တလပါးကျေးရွာ၊ အလပ်လယ်ကျေးရွာနှင့် ဘော်ကျေးရွာတို့တွင် ခရိုင်နှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ဆေးထိုးနှံရန် ကျန်ရှိနေသူများအား  ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ဇော်ဝမ်းထွန်း