မင်းလှမြိုနယ်တွင် အသက် ၁၈ နှစ် အထက်ရှိပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး

အထက်မင်းလှ       အောက်တိုဘာ  ၁၀

 မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အသက် ၁၈ နှစ်အထက်ရှိပြည်သူများ အား ကိုဗစ်-၁၉ရောဂါဆေး ဆက်လက်ထိုးနှံပေးခြင်းကို‌ ယနေ့နံနက် ၉ နာရီက မင်းလှမြို့နယ် အတွင်းရှိ သတ်မှတ်ထားသည့်ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိကာကွယ်‌ ဆေးလာရောက်ထိုးနှံသူ ၂၉၅ ဦးရှိကြောင်းသိရသည်။

မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် ၁၈ နှစ်အထက်ရှိသူ များ၊မသန်စွမ်းသူများနှင့် နာတာရှည်ရောဂါနှင့် မကူးစက်နိုင်သောရောဂါရှိသူများအပါအဝင် သတ်မှတ်ဦးစားပေးအလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်အတွက်ကိုဗစ်၁၉-ရောဂါကာကွယ်ဆေးအလုံးရေ ၂၇၉၀ လုံးရရှိသဖြင့်ဆေးတစ်လုံးလျှင် လူငါးဦးထိုးနှံနိုင်ပြီး လူဦးရေ ၁၃၉၅၀ ဦးအားထိုးနှံပေးသွားမည်ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင်     မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ် ဆေးထိုးစုရပ် များ၌ကျန်းမာရေးဝန်ကြီးဌာန၏     ကိုဗစ်-၁၉‌ ရောဂါကာကွယ်‌ ရေးလမ်းညွှန်ချက်များနှင့်အညီ      ကျန်းမာ‌ရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 ဇာဇာ(အထက်မင်းလှ)