ရွှေဘို အောက်တိုဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် သဘာဝမြေဩဇာနှင့်သဘာဝ ပိုးသတ်ဆေးပြုလုပ်သုံးစွဲ ခြင်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၈နာရီက ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရွှေယွန်းစံခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသရုပ်ပြပွဲနှင့်ပတ်သက်၍ ဓါတ်မြေဩဇာဈေးနှုန်းများ မြင့်တက်နေမှုကြောင့် တောင်သူများအတွက် ကုန်ကျစရိတ်သက်သာစွာဖြင့် အသုံးပြုနိုင်ရန်အတွက်လည်ကောင်း၊ ပိုးမွှားရောဂါ ကြိုတင် ကာကွယ်နိုင်ရေး အတွက်လည်ကောင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု အန္တရာယ် လျော့ချနိုင်ရေး အတွက်လည်ကောင်း၊ သီးနှံအရည်အသွေးများကောင်မွန်စေရန် အတွက် လည်ကောင်း ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒေါ်ဇာဇာမင်းက ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှုး ဒေါ်ဇာဇာမင်း မှသဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေး ပြုလုပ်ပုံ အဆင့်ဆင့်နှင့် သုံးစွဲပုံသုံးစွဲနည်းများကို လက်တွေ့ပြုလုပ်ပြသကာ ရှင်းလင်း ပြောကြားခဲ့သည်။ ထိုလက်တွေ့သရုပ်ပြပွဲသို့။ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ် ကော်မတီအဖွဲ့ဝင်များနှင့် ဆည်ရေသောက်တောင်သူ (၃၅)ဦး တက်ရောက်ခဲ့ပြီး လက်တွေ့ သရုပ်ပြပွဲကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ခရိုင်(ပြန်ဆက်)